
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၃ ရက်
လက်နက်အပြည့်အစုံနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တက်ခ်ပြည်နယ်၊ Umphang ခရိုင်ထဲ ဖြတ်ကျော်ဝင် ရောက်လာတဲ့ သတင်းတွေကို စုံစမ်းစစ်ဆေးဖို့ Fair ပါတီမှ လွှတ်တော်အမတ် Kannavee Suebsang က ထိုင်း အစိုးရကို တောင်းဆိုနေတယ်လို့ သိရပါတယ်။
အဆိုပါသတင်းတွေသာ အတည်ပြုပါက ထိုင်းအစိုးရအနေနဲ့ ဘာတွေဖြစ်ပျက်ခဲ့တာဆိုတာ ပြည်သူလူထု ကို ပြောပြရမယ်လို့ သူက ဆိုပါတယ်။
ဒီသတင်းတွေကြောင့် ထိုင်းနိုင်ငံဟာ မြန်မာစစ်တပ်နဲ့ ပူးပေါင်းနေတယ်လို့ KNLA က ထင်မြင်သွားစေ တယ်လို့ မြန်မာ၊ ကရင်ဘာသာနဲ့ဖော်ပြတဲ့ မီဒီယာတွေကို ကိုးကားပြီး သူက ပြောပါတယ်။
“စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့် ထိုင်းနိုင်ငံရဲ့ အချုပ်အချာပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်တာဟာ နယ် စပ်ပြဿနာတစ်ခုမဟုတ်ဘဲ နိုင်ငံ့အရေးတစ်ခုသာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးကာ နိုင်ငံတကာ ဆက် ဆံရေးပြဿနာတစ်ခုအဖြစ် သတ်မှတ်သင့်တယ်လို့ သူက ထောက်ပြပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့်ဟာ စက်တင်ဘာလ ၃ ရက်မှာ နယ်စပ်ကျေးရွာနှစ်ရွာမှတစ်ဆင့် ထိုင်း နိုင်ငံထဲ ဝင်ရောက်ခဲ့တယ်လို့ ထိုင်း-မြန်မာနယ်စပ်မှာ လုပ်ကိုင်နေတဲ့ တက်ကြွလှုပ်ရှားသူတွေကို ကိုးကားပြီး Kannavee Suebsang က ဆက်ပြောပါတယ်။
ထိုင်းပိုင်နက်ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေတာကြောင့် ထိုင်းရွာသားတွေ သတိထားခဲ့ရတယ်လို့ သူ က ဆက်ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျူးကျော်ဝင်ရောက်တာနဲ့ပတ်သက်လို့ စက်တင်ဘာလ ၅ ရက်မှာ အင်တာနက်အသုံးပြုသူတစ်ယောက်က လူမှုကွန်ရက်မှာ ရေးသားချိန်အထိ အနီးအနားရှိ ထိုင်းစစ်သား တွေက ဘာမှလုပ်ဆောင်ခဲ့တာမရှိဘူးလို့ သူက ဆိုပါတယ်။
KNLA တပ်ဖွဲ့တွေ ပိတ်ဆို့ထားတာကို ရပ်တန့်ရေး သဘောတူညီဖို့ ထိုင်းစစ်တပ်က စစ်ကောင်စီတပ်ဖွဲ့၊ KNLA နဲ့ စေ့စပ်ညှိနှိုင်းဖို့ အဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ထိုင်းမြေမှထွက်ခွာဖို့ ငြင်းဆန်တာကြောင့် ထိုင်းစစ်တပ်က ဒုတိယအကြိမ် စေ့စပ်ညှိနှိုင်းမှသာ တပ်စွဲရာနေရာမှ ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။
ကျေးရွာလူကြီးက ဖြစ်စဉ်ကို ထိုင်းစစ်တပ်ထံ တင်ပြခဲ့တာကြောင့် ထိုင်းစစ်သားတွေ စေလွှတ်ကာ စစ် ကောင်စီတပ်ဖွဲ့ဝင်တွေ မြန်မာနိုင်ငံထဲပြန်ဖို့ စေ့စပ်ညှိနှိုင်းခဲ့တာလို့ သူက ဆိုပါတယ်။
ကိုးကား – Bangkok Post
Ref; Border-hopping Myanmar troops cause alarm