
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၃ ရက်
စစ်တပ်ကျောထောက်နောက်ခံ အစိုးရလက်ထက်မှာ အကောင်အထည်ဖော်ခဲ့တဲ့ တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ထိုင်းဝန်ကြီးချုပ်သစ် ဆရက်သာသာဗီဆင်းက ပထမဆုံး သော လွှတ်တော်သို့ပြောကြားတဲ့ မိန့်ခွန်းမှာ အစိုးရရဲ့မူဝါဒ ဉီးစားပေးမှုတွေကို ထုတ်ဖော်ပြောပါတယ်။
“ခေတ်မီဆန်းသစ်ပြီး အများလက်ခံတဲ့ ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဉပဒေတစ်ရပ် ဖော်ဆောင်ရာမှာ အ လွှာစုံက နိုင်ငံသားတွေပါဝင်မှုကို အလေးထားတဲ့ ဆွေးနွေးမှုတွေ အစိုးရက လုပ်ဆောင်ပါမယ်” လို့ သာဗီဆင်းက ပြောပါတယ်။
ဖွဲ့စည်းပုံအခြေခံဉပဒေ ပြင်ဆင်ရာမှာ လူထုဆန္ဒခံယူပွဲတစ်ရပ် ကျင်းပရေးရဲ့ အရေးပါမှုကိုလည်း သူက အလေးထားပြောခဲ့ပါတယ်။ လက်ရှိ ဖွဲ့စည်းပုံအခြေခံဉပဒေအရ အထက်လွှတ်တော်အမတ်တွေကို စစ်တပ်က ရွေးချယ်ပါတယ်။
ထိုင်းအစိုးရသစ်က မဖြစ်မနေ စစ်မှုထမ်းရတဲ့ဉပဒေကို ဖျက်သိမ်းကာ အဆင့်မြင့် လက်နက်ကိုင်တပ်ဖွဲ့ ဝင် အရေအတွက်ကို လျှော့ချမယ်လို့ သာဗီဆင်းက ကတိပြုပါတယ်။
ထိုင်းနိုင်ငံရဲ့စီးပွားရေးဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အထိနာခဲ့လို့ ပြည်သူတိုင်းကို အွန်လိုင်းမှတစ် ဆင့် ဒေါ်လာ ၂၈၀ နဲ့ညီမျှတဲ့ ဘတ် ၁၀၀၀၀ စီ ထောက်ပံ့မယ့်အစီအစဉ် အပါအဝင် အစိုးရက မူဝါဒအချို့ စီစဉ်နေ တယ်လို့ သူက ပြောပါတယ်။
လွန်ခဲ့သော ၂ နှစ်က အာဏာသိမ်းမှုဖြစ်ပြီးနောက် တိုက်ပွဲတွေကြောင့် အရပ်သား သေဆုံးမှုတွေ ဆက် လက်ဖြစ်နေတဲ့ မြန်မာ့အရေးအကြောင်းကိုတော့ သာဗီဆင်းက တိုက်ရိုက် ပြောကြားခဲ့တာမရှိပါဘူး။
သာဗီဆင်းဟာ မေလရွေးကောက်ပွဲမှာ Move Forward Party (MFP) ပါတီပြီးရင် အမတ်နေရာ ဒုတိယ အများဆုံး အနိုင်ရရှိခဲ့တဲ့ Pheu Thai ပါတီမှ ဖြစ်ပါတယ်။ Pheu Thai ပါတီဟာ ရွေးကောက်ပွဲအနိုင်ရ MFP မပါ ဘဲ စစ်တပ်လိုလားတဲ့ပါတီတွေနဲ့ ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းခဲ့ပါတယ်။
ကိုးကား – NHK
Ref; Thai PM expresses determination to amend Constitution