ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၂ ရက်

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များတွင် ပြီးခဲ့သည့် သြဂုတ်လအတွင်း စစ်ကောင်စီက ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ကို ချိုးဖောက်သည့်အမှုနှင့် ဖမ်းဆီးခံထားရသူ ၂၀ကျော်ရှိကြောင်း သိရှိရသည်။

သြဂုတ်လအတွင်း ပုသိမ်၊ ညောင်တုန်း၊ ပန်းတနော်မြို့နယ်များတွင် စစ်ကောင်စီနှင့်ရဲများမှ လမ်းတွင်တွေ့ဆုံစစ်ဆေးခံရပြီးနောက် ညမထွက်ရအချိန်ကျော်သည်ဟုဆိုကာ ဖမ်းဆီးခဲ့ရသူ တစ်လအတွင်း ၂၅ ဦးရှိကြောင်း တိုင်းရဲတပ်ဖွဲ့ ၏စာရင်းများအရသိရှိရသည်။

“၁၂ နာရီမကျော်ပေမယ့် အခန့်မသင့်စစ်ဆေးလို သူတို့နဲ့အဆင်မပြေရင်လဲ ညမထွက်ရနဲ့ ဖမ်းတာပါပဲ။ ဥပဒေကို လက်တစ်လုံးခြားလုပ်နေတာသူတို့ ဖမ်းခြင်ထဖမ်းနေတာတစ်ကယ်ခိုးဆိုးလုနိုက်တွေကြတစ်ခါမှမမိဘူး”ဟု ပုသိမ်မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ညမထွက်ရအမိန့်ကြောင့် ဖမ်းဆီးခံရသည့် ဒေသခံအများစုသည် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူး ရာအိမ်မှူးများနှင့် ထိပ်တိုက်တွေ့ပြီး ဖမ်းဆီးခံရသူများဖြစ်ကာ ထွေအုပ်က တရားလိုပြုလုပ်၍ မြို့နယ်တရားရုံးကထောင်ဒဏ် တစ်လ အမိန့်ချမှတ်ခြင်းများရှိကြောင်းရဲတပ်ဖွဲ့နင့် နီးစပ်သူများကပြောသည်။

ဧရာ၀တီတိုင်းတွင် ညမထွက်ရအမိန့်ကို ည ၁၂ နာရီ ဟုသတ်မှတ်ထားသော်လည်း အချို့ မြို့နယ်များတွင် စစ်ကောင်စီနှင့် ရဲများက ညစဥ် ၁၀ နာရီနောက်ပိုင်း အပြင်ထွက်သည့် ဒေသခံများကို ဖမ်းဆီးကာငွေတောင်းခြင်း၊ ရိုက်နှက်ခြင်းများပြုလုပ်နေကြောင်း ဒေသခံများထံမှသိရှိရသည်။

#ဧရာဝတီတိုင်း #ညမထွက်ရအမိန့် #ဒေသခံ #စစ်ကောင်စီတပ် #Ayeyarwaddy_Times