ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၂ ရက်

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်လေးမြို့နယ်ကကျေးရွာများတွင် စက်တင်ဘာလ ၁၀ ရက်နေ့အထိ မြစ်ရေတိုက်စားပြီးကမ်းပါးပြိုကျမှုကြောင့် နေအိမ်၂၀၀ ကျော် အရေးပေါ်ရွှေ့ပြောင်းခဲ့ရကြောင်း ဘေးအန္တာရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရှိရသည်။

စက်တင်ဘာလအစ ဆယ်ရက်အတွင်း မအူပင်၊ ညောင်တုန်း၊ ပန်းတနော်နှင့် ဇလွန်မြို့နယ်နှင့် ဟင်္သာတမြို့နယ်အတွင်းက လူနေအိမ် ၂၆၀ ခန့်အရေးပေါ်ရွှေ့ပြောင်းခဲ့ရကြောင်း တိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနက သိရှိရသည်။

“ဟင်္သာတကတော့ တာကျိုးပြီး ကမ်းပြိုလို့ အရေးပေါ် ဖျက်ရတဲ့အတွက် ​၂၀၀ နီးပါးရှိပါတယ်။ ရွှေ့ရတဲ့အိမ်တွေကိုတော့ ထောက်ပံမှုတွေတောလုပ်ပေးထားတယ်”ဟု ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းတဦးက ဧရာ၀တီတိုင်းမ် ကို ပြောသည်။

ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာတွင်တာကျိုးပေါက်ပြီး ကမ်းပြိုမှုကြောင့်လူနေအိမ် ၂၀၀ နီးပါး၊ ရာဇူးတိုင်မြစ်ရေတိုက်စားမှုကြောင့် မအူပင်မြို့နယ်တွင် နေအိမ် ၃၆ လုံး၊ ဧရာ၀တီမြစ်ရေတိုက်စားမှုကြောင် ဇလွန်မြို့နယ်နှင့် ပန်းတနော်မြို့နယ်တွင် နေအိမ်၂၈ လုံး၊ တိုးမြစ်ရေတိုက်စားမှုကြောင့် ညောင်တုန်းမြို့နယ်တွင် နေအိမ် ၃ လုံး ရွှေ့ပြောင်းရကြောင်း တိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန၏စာရင်းများအရသိရှိရသည်။

လက်ရှိတွင် နေအိမ်ဖျက်သိမ်းပြီး ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့ပေးခဲ့ရ​သည့် မိသားစုများမှာ ရေလွှတ်ရာနေရတွင်စုပေါင်းနေထိုင်ကြပြီး အချို့မှာနီးစပ်ရာဆွေမျိုးနေအိမ်နှင့် ဘုန်းကြီးကျောင်း စာသင်ကျောင်းများတွင်ယာယီနေထိုင်နေကြောင်းသိရှိရသည်။

#ဧရာဝတီတိုင်း #မြစ်ကမ်းပါးပြိုကျ #ဒေသခံ #စစ်ကောင်စီတပ် #Ayeyarwaddy_Times