ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၂ ရက်

ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး
(ICJ) မှာ မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့ ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်မှုမှာ ပြင်သစ်နိုင်ငံက ပူးပေါင်းမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေတဲ့ ပြင်သစ်သမ္မတ အီမန်နူရယ်မေခရွန်က ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာနဲ့ စက်တင်ဘာလ ၁၁ ရက်က ဒါကာမြို့တော် မှာ တွေ့ဆုံပြီးနောက် ပူးတွဲကြေညာချက်တစ်ခုအတွင်း ကြေညာလိုက်ပါတယ်။

“ရိုဟင်ဂျာတွေအတွက် တရားမျှတမှုနဲ့ တာဝန်ခံမှုရရှိစေဖို့ နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံတဲ့ အနေနဲ့ ICJ က ဂမ်ဘီယာ-မြန်မာအမှုမှာ အခြားမိတ်ဖက်နိုင်ငံတွေနဲ့အတူ ပါဝင်မယ့်ဆုံးဖြတ်ချက်ကို ပြင်သစ်နိုင် ငံက ကြေညာပါတယ်” လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်က ဖော်ပြ ပါတယ်။

ICJ ဟာ စစ်တပ်အာဏာပိုင်တွေရဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် မြန်မာနိုင်ငံအ ပေါ် တရားစွဲဆိုထားတဲ့အမှုကို ကြားနာလျက်ရှိပါတယ်။

မြန်မာနိုင်ငံမှ ထွက်ပြေးလာခဲ့တဲ့ ရိုဟင်ဂျာမွတ်ဆလင် ၁ ဒသမ ၂ သန်းကျော်ဟာ ဘင်္ဂလးဒေ့ရှ်နိုင်ငံရှိ ကော့ဘဇားခရိုင်နဲ့ ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ဘာဆန်ရှားကျွန်းပေါ်ရှိ ဒုက္ခသည်စခန်းတွေမှာ ပြွတ်သိပ်စွာ နေထိုင်နေရပါတယ်။

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာတွေကို သတ်ဖြတ်တာဟာ လူမျိုးသုဉ်းသတ်ဖြတ်မှုတစ်ခုလို့ မြန်မာစစ်တပ်က ရို ဟင်ဂျာတွေအပေါ် အကြမ်းဖက်နှိမ်နင်းမှုတွေပြုလုပ်ပြီးနောက် ၂၀၁၇ ခုနှစ် အစောပိုင်းမှာ မေခရွန်က ပြောကြား ခဲ့ပါတယ်။

“မြန်မာစစ်တပ်ရဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ လူမျိုးသုဉ်းသန့်စင်မှုကို ကုလသမဂ္ဂက ရှုတ်ချစေမယ့် အစီ အစဉ်လုပ်ဆောင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပြင်သစ်နိုင်ငံက မိတ်ဖက်တွေနဲ့ လက်တွဲဆောင်ရွက်ပါ မယ်” လို့ သူက ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှ နှစ်နဲ့ချီ အိုးအိမ်စွန့်ခွာလာခဲ့ရတဲ့ ရိုဟင်ဂျာတွေအတွက် နေစရာနဲ့ လူသားချင်းစာနာမှု အ ကူအညီ ပေးအပ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ သဒ္ဓါတရားထက်သန်မှုကိုလည်း ပြင်သစ်နိုင်ငံက ချီးကျူးခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေက ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ ဆောင်ရွက် ချက်တွေအတွက် ယူရိုတစ်သန်း ထပ်တိုး ကူညီမယ်လို့လည်း ပြင်သစ်နိုင်ငံက ကြေညာခဲ့ပါတယ်။

ကုန်သွယ်မှုနဲ့ သံတမန်ဆက်ဆံရေး ထပ်မံ တိုးမြှင့်ဖို့ ၃၃ နှစ်အတွင်း ပြင်သစ်သမ္မတတစ်ဉီးရဲ့ ပထမဆုံး ခရီးစဉ်အဖြစ် မေခရွန်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂ ရက်ကြာ လာရောက်ပြီးနောက် စက်တင်ဘာလ ၁၁ ရက်မှာ ဒါ ကာမြို့တော်ကနေ ထွက်ခွာသွားပါတယ်။

ပြင်သစ်သမ္မတဟောင်း ဖရန်ကွိုင်မစ်တာရန်းဟာ ၁၉၉၀ ပြည့်နှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လာရောက် လည်ပတ်ဖူးပါတယ်။

ကိုးကား – Anadolu
Ref; France to ‘intervene in’ Rohingya genocide case at UN court

#Ayeyarwaddy_Times