
ဧရာဝတီတိုင်းမ်
မောင်တော၊ စက်တင်ဘာလ ၁၂ ရက်
မောင်တောမြို့နယ်က စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုမှာ စက်တင်ဘာလ၇ ရက်နေ့၊ည ၈ နာရီအချိန်ခန့်က ဆိုင်ကယ်စီးလာသူတစ်ဦးနဲ့နယ်ခြားစောင့်
တွေအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပါတယ်။
အဲဒီမောင်တော-ဘူးသီးတောင်လမ်းပေါ်ရှိ မောင်တော ၆ မိုင်စစ်ဆေးဂိတ်မှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးနောက်တ စ်နေ့မှာ အဲဒီမှာတာဝန်ကျနေတဲ့ ၁၅ ဦး
စလုံးကိုစစ်ဆေးခဲ့တာလို့ နယ်ခြားစောင့်အသိုင်းအ ဝိုင်းက ဆိုကြပါတယ်။
အဲဒီအထဲက ရခိုင်လူမျိုးနယ်ခြားစောင့်တပ်ဖွဲ့ဝင် သုံးဦးကို ရက္ခိုင့်တပ်တော် (AA)သို့ သတင်းပေးပို့တယ်လို့အကြောင်းပြပြီး ဖမ်းဆီးအမှုဖွင့်လိုက်တာလို့ဆိုကြပါတယ်။
”အဲဒီညကပစ်ခတ်ခံရတော့ နောက်နေ့အကုန်လုံးအ စစ်ခံရတယ်။ဖုန်းတွေကအစပေါ့။အဲဒီအထဲက အေအေကိုဆက်သွယ်သတင်းပို့တယ်လို့ယူဆရသူသုံး ဦးကို အမှုဖွင့်ထားတယ်။” လို့မောင်တောခရိုင်မှနယ်ခြားစောင့်အရာရှိတစ်ဦးက ပြောပါတယ်။
အဲဒီစစ်ဆေးရေးဂိတ်မှာ မောင်တောခ ရိုင်၊ဘူးသီးတောင်မြို့နယ်ရှိ အမှတ် ၈နယ်ခြားစောင့်စခန်းရဲ့ကွက်ကွဲမှုအောက်မှာပြီးမောင်တောမြို့နယ်၊နယ်မြေ ၆၊၆ မိုင်စစ်ဆေးရေးဂိတ်ဖြစ်ပါတယ်။
အဲဒီလိုပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးနောက်ကျန်ခဲ့တဲ့ဆိုင်ကယ်အနီးအနက်ရောင်ကျောပိုးအိတ်တစ်လုံးထဲမှာ ကျည် ၃၅ တောင့်ဆန့် MA ကျည်အိမ် ၂ ခု၊
၅.၅၆ ကျည် ၅၅ ထောင့်၊ဂျင်းဘောင်း ဘီအရှည် ၄ ထည်နဲ့ပြောက်ကျားဘောင်ဘီတို ၁ ထည်တွေ့ရတယ်လို့ နယ်ခြားစောင့်အသိုင်းအဝိုင်းက အတည် ပြုပြောကြပါတယ်။
”ဒီဂိတ်ကဘူးသီးတောင်-မောင်တောကားလမ်းမှာအရေးပါတယ်။ဘူးသီးတောင်ကနေမောင်တောမြို့ထဲသို့ဝင်ဖို့အတွက်လည်းအရေးပါတယ်။အဲဒီလို
ပစ်ခတ်မှုဖြစ်တော့ လုံခြုံရေးစည်းပေါက်တယ်ပေါ့။ဒါကြောင့်တာဝန်ကျနေသူတွေထဲက ရခိုင်သုံးဦးကိုဖမ်းပြီးအမှုဖွင့်လိုက်တာ။”လို့ မောင်တောမြို့နယ်မှန ယ်ခြားစောင့်အရာရှိတစ်ဦးက ပြောပါတယ်။
အဲဒီစစ်ဆေးရေးဂိတ်မှာ ဒုရဲမှူးခင်မောင်လွင်အပါ အဝင် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၅ ဦးရှိပြီးအဲဒီညက ဒုရဲအုပ်ကျော်စိုး၊တပ်ကြပ်သက်ထွန်း၊တပ်သားဇင်ကိုထွေးတို့တာဝန်ချိန်မှာ ဖြစ်သွားတာလို့ ဆိုကြပါတယ်။
အဲဒါကြောင့်ရဲတပ်သားဘိုသက်အောင်နဲ့ရဲတပ်သားမင်းသက်နိုင်တို့က BA -63သေနတ်နဲ့ ၅ ချက်ပြန်လ ည်ပစ်ခတ်ခဲ့ပေမယ့် တာဝန်ကျနေသူတွေက တစ်ချ က်မှမပစ်ခတ်ခဲ့တာမို့ စစ်ဆေးခံရတာဖြစ်နိုင်တယ်လို့လည်း နယ်ခြားစောင့်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
(ဓာတ်ပုံ-အပြန်အလှန်ပစ်ခတ်မှုတွေဖြ စ်ခဲ့တဲ့ မောင်တောမြို့နယ်က ၆ မိုင်စစ်ဆေးရေးဂိတ်/BNA)
(ယခုသတင်းအား Ayeyarwaddy Times သတင်းဌာန၏မိတ်ဖက်ဖြစ်သည့် Border News Agency မှသတင်းကို ဖော်ပြခြင်း ဖြစ်ပါသည်။)
#Ayeyarwaddy_Times