
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၂ ရက်
ဒေသတွင်း တရုတ်နိုင်ငံရဲ့ ရန်လိုမှုတွေ တိုးလာချိန်မှာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းပေါ်မှာပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်၊ အင်ဒိုနီးရှား၊ သြစတြေးလျနဲ့ အခြားမဟာမိတ်နိုင်ငံတွေက ထောင်နဲ့ချီတဲ့တပ် ဖွဲ့တွေဟာ သံချပ်ကာယာဉ်စွမ်းရည်တွေ ထုတ်ဖော်ပြသခဲ့ပါတယ်။
အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုတွေအတွက် စစ်မြေပြင်တစ်ခု ဖြစ်လာခဲ့တဲ့ အငြင်းပွား တောင်တရုတ်ပင် လယ်အတွင်း တရုတ်နိုင်ငံရဲ့ ရန်လိုတဲ့အပြုအမူတွေ တိုးလာတာကြောင့် အမေရိကန်အစိုးရက အာရှ-ပစိဖိတ်ဒေ သမှာ စစ်ရေးမဟာမိတ်ပြုမှုတွေ အခိုင်အမာလုပ်ဆောင်နေပါတယ်။
ကျည်အစစ်နဲ့ပစ်ခတ်တဲ့ လေ့ကျင့်မှုတွေပါဝင်တဲ့ စက်တင်ဘာလ ၁ ရက်မှာ စတင်ခဲ့သော အရှေ့ဂျာဗား ပြည်နယ်က ကမ်းရိုးတန်းခရိုင်တစ်ခုဖြစ်တဲ့ ဘန်ယုဝမ်ဂီမှာပြုလုပ်နေတဲ့ သီတင်းနှစ်ပတ်ကြာ စစ်ရေးလေ့ကျင့်မှု အတွက် သြစတြေးလျနိုင်ငံက M1A1 တိုက်ပွဲဝင်တင့်ကား ၅ စင်း၊ အင်ဒိုနီးရှားစစ်တပ်က Leopard-2 တင့်ကား ၂ စင်း စေလွှတ်ခဲ့ပါတယ်။
ဗီယက်နမ်စစ်ပွဲနောက်ပိုင်း တိုင်းပြည်ပြင်ပသို့ သြစတြေးလျနိုင်ငံက တိုက်ပွဲဝင်တင့်ကားတွေ စေလွှတ်ခဲ့ တာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ Garuda Shield စစ်ရေးလေ့ကျင့်မှုကို ၂၀၀၉ ခုနှစ်နောက်ပိုင်း အမေရိကန်နဲ့ အင်ဒိုနီးရှားတပ်ဖွဲ့ဝင်တွေ ကြား နှစ်စဉ် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒီနှစ်စစ်ရေးလေ့ကျင့်မှုမှာ သြစတြေးလျ၊ ဂျပန်၊ စင်ကာပူ၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံမှ တပ်ဖွဲ့ဝင်တွေ အပါအ ဝင် တပ်ဖွဲ့ဝင် စုစုပေါင်း ၅၀၀၀ ခန့် ပါဝင်လေ့ကျင့်လျက်ရှိပါတယ်။
ဤစစ်ရေးလေ့ကျင့်မှုကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် တရုတ်နိုင်ငံက ရှုမြင်ပြီး ဒေသတွင်း တရုတ်နိုင်ငံရဲ့ စစ်ရေးနဲ့ သံတမန်ရေးသြဇာကို ကန့်သတ်ဖို့ နေတိုးအဖွဲ့လိုမျိုး အာရှ-ပစိဖိတ် မဟာမိတ်အဖွဲ့တစ်ခုကို အမေရိ ကန်နိုင်ငံက တည်ဆောက်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။
သံချပ်ကာစွမ်းရည် ထုတ်ဖော်ပြသမှုကြောင့် မဟာမိတ်တပ်ဖွဲ့တွေ၊ မိတ်ဖက်တွေအနေနဲ့ တိုက်ခိုက်ရေး အတွက် လေ့ကျင့်မှုတွေပြုလုပ်ရာမှာ စွမ်းဆောင်ရည်ကိုစမ်းသပ်ဖို့ အခွင့်အရေးတစ်ခု ဖြစ်လာလိမ့်မယ်လို့ အမေရိ ကန် အမှတ် ၂၅ တပ်မရဲ့ တပ်မှူး ဗိုလ်ချုပ် မားကပ်အီဗန်က ပြောပါတယ်။
တောင်တရုတ်ပင်လယ်ရဲ့ တောင်ပိုင်းဖြစ်တဲ့ နာတူနာဝန်းကျင်ရှိ ရေပိုင်နက်အတွင်း အပါအဝင် နေရာ များစွာမှာ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်နေတာဖြစ်ပါတယ်။
ကိုးကား – The Asahi Shimbun
Ref; Australian and Indonesian forces deploy battle tanks in U.S.-led combat drills amid Chinese concern