
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၁ ရက်
ပြီးခဲ့တဲ့လတွေအတွင်း တရုတ်ခေါင်းဆောင်ပိုင်းရှိ အမြင့်ဆုံးအဆင့်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံရဲ့ စီးပွားရေး အကျပ်အတည်းကြောင့် ထိုင်ဝမ်ကိုကျူးကျော်ဖို့ ဖြစ်လာမှာမဟုတ်ဖူးလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာကျင်းပတဲ့ G20 ထိပ်သီးဆွေးနွေးပွဲမှာ တရုတ်ဝန်ကြီးချုပ် လီကျင်းနဲ့ တွေ့ဆုံခဲ့တယ်လို့ ဂျိုးဘိုင်ဒင်က ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်က အင်ဒိုနီးရှားနိုင်ငံမှာပြုလုပ်တဲ့ G20 ထိပ်သီးဆွေးနွေးပွဲမှာ ဂျိုးဘိုင်ဒင်နဲ့ ရှီကျင့်ဖျင် တွေ့ဆုံ ဆွေးနွေးပြီးနောက် ၁၀ လနီးပါးအတွင်း အင်အားကြီး ၂ နိုင်ငံကြား အဆင့်မြင့်ဆုံး တွေ့ဆုံမှုဖြစ်ပါတယ်။
“အမေရိကန်အစိုးရ တာဝန်ရှိသူတွေက သမ္မတ ရှီကျင့်ဖျင်ရဲ့ အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ တွေ့ဆုံနေဆဲ ဖြစ်ပါတယ်။ ကျွန်တော်လည်း အိန္ဒိယနိုင်ငံမှာ တရုတ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့ပါတယ်” လို့ ဂျိုးဘိုင်ဒင်က သတင်း ထောက်တွေကို ပြောပါတယ်။
အမေရိကန်ပိုင်နက်အတွင်း ဖြတ်ကျော်ပျံသန်းခဲ့တဲ့ သံသယဖြစ်ဖွယ်ရာ တရုတ်နိုင်ငံရဲ့ သူလျှိုမိုးပျံပူ ဖောင်းနဲ့ပတ်သက်လို့ အေးစက်ခဲ့တဲ့ ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်ဖို့ နှစ်နိုင်ငံစလုံးက ကြိုးပမ်းနေပါတယ်။
အမေရိကန်နိုင်ငံရဲ့စီးပွားရေးဟာ ကမ္ဘာပေါ်မှာ အကောင်းမွန်ဆုံးဖြစ်တယ်လို့ ဗီယက်နမ်နိုင်ငံမှာပြုလုပ် တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂျိုးဘိုင်ဒင်က အမွှမ်းတင်လိုက်ပါတယ်။
ကမ္ဘာ့စီးပွားရေးကျဆင်းမှုနဲ့ တရုတ်နိုင်ငံရဲ့ မူဝါဒတွေကြောင့် တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေး နေတယ်လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။
အိမ်ခြံမြေနယ်ပယ်က ပြဿနာတွေနဲ့ အလုပ်လက်မဲ့နှုန်း မြင့်မားမှုကြောင့် တရုတ်နိုင်ငံက စီးပွားရေးအ ကျပ်အတည်း ကြုံတွေ့နေရတယ်လို့ သူက ထောက်ပြပါတယ်။
တရုတ်နိုင်ငံက ပိုင်ဆိုင်တယ်လို့ဆိုတဲ့ ထိုင်ဝမ်အရေး အပါအဝင် နိုင်ငံတကာနယ်ပယ်မှာ ပွတ်တိုက်မှုတွေ လျှော့နည်းရေး တရုတ်နိုင်ငံနဲ့ ဆက်သွယ်ရေးလိုင်း ဖွင့်လှစ်ထားဖို့ ဂျိုးဘိုင်ဒင်က ကြိုးပမ်းခဲ့ပါတယ်။
ကိုးကား – Reuters
Ref; China economic crisis will not lead it to invade Taiwan: Biden at G20