ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၁ ရက်

ရုရှားနိုင်ငံမှ ပထမအသုတ် Su-30 ဂျက်တိုက်လေယာဉ်နှစ်စင်းကို မြန်မာနိုင်ငံက လက်ခံရရှိခဲ့တယ်လို့ စစ်ကောင်စီ ကုန်သွယ်ရေးဝန်ကြီး ချာလီသန်းက ရုရှားနိုင်ငံပိုင်သတင်းဌာန RIA ကို ပြောကြားခဲ့တယ်လို့ သိရပါ တယ်။

“Su-30 ဂျက်တိုက်လေယာဉ် ၂ စင်း မြန်မာနိုင်ငံသို့ ပေးပို့ခဲ့ပြီးဖြစ်ပါတယ်” လို့ စက်တင်ဘာလ ၁၀ ရက် က ဆိပ်ကမ်းမြို့တော်တစ်ခုဖြစ်တဲ့ ဗလာဒီဗော့စတော့မြို့မှာ စတင်ခဲ့တဲ့ ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင် ရွက်မှု တိုးမြှင့်ဖို့နဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုအားပေးဖို့ ရည်ရွယ်တဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ ချာလီသန်းက RIA ကို ပြောပါတယ်။

Su-30SME ဂျက်တိုက်လေယာဉ်တွေ ပေးပို့ဖို့ သဘောတူညီချက်တစ်ရပ်ကို ရုရှားနဲ့မြန်မာက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း လက်မှတ်ရေးထိုးခဲ့တယ်လို့ RIA က ဖော်ပြပါတယ်။

Sukhoi Su-30SME ဘက်စုံသုံး ဂျက်တိုက်လေယာဉ်တွေကို လေကြောင်းပစ်မှတ်တွေကို တိုက်ခိုက်ဖို့၊ စုံစမ်းထောက်လှမ်းဖို့၊ တိုက်ခိုက်ရေးအတွက် ဖြန့်ကြက်ဖို့နဲ့ လေယာဉ်မှူးတွေကို လေ့ကျင့်ပေးဖို့ အသုံးပြုတယ်လို့ ရုရှားနိုင်ငံပိုင် စစ်လက်နက်ထုတ်လုပ်ရေးလုပ်ငန်း Rosoboroneexport က ပြောပါတယ်။

မြန်မာနဲ့ရုရှားကြား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ နှစ်နိုင် ငံ သဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးမယ်လို့ ချာလီသန်းက ရုရှားနိုင်ငံပိုင်သတင်းဌာန TASS သို့ ပြော ပါတယ်။

တိုင်းပြည်အတွက် ကြောက်မတ်ဖွယ်ရာ ကပ်ဘေးတစ်ခုဖြစ်လာခဲ့တဲ့ ပဋိပက္ခတစ်ရပ်ဖြစ်စေတဲ့ စစ်လက် နက်တွေ ထောက်ပံ့မှုနဲ့အတူ ရုရှားနိုင်ငံရဲ့ မြန်မာစစ်အာဏာရှင်တွေကို ပံ့ပိုးကူညီမှုက လက်သင့်ခံစရာမရှိဘဲ မတည်မငြိမ်ဖြစ်စေတယ်လို့ အမေရိကန်နိုင်ငံက သတိပေးခဲ့ပါတယ်။

ရုရှား ကာကွယ်ရေးဝန်ကြီးနဲ့ ထိပ်တန်းသံတမန်တွေဟာ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သလို စစ်ကောင်စီအကြီးအကဲ မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်နောက်ပိုင်း ရုရှားနိုင်ငံသို့ ကြိမ်ဖန်များစွာ သွားရောက်ခဲ့သ လို ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့တစ်ခု ပေးအပ်ခံခဲ့ရပါတယ်။

ကိုးကား – Reuters
Ref; Myanmar receives first shipment of Russia’s Su-30 fighter jets, reports Russian news agency

#Ayeyarwaddy_Times