ဧရာဝတီတိုင်းမ်
ပုဏ္ဏားကျွန်း၊ စက်တင်ဘာ ၁၁ ရက်

ရခိုင်မှာ အာဏာသိမ်းစစ်တပ်နဲ့အာရက္ခပြည်သူ့အ စိုးရလို့ဆိုတဲ့ရက္ခိုင်အမျိုး သားအဖွဲ့ချုပ်/ရက္ခိုင့်တ ပ်တော်(ULA/AA)ကြား အာဏာအားပြိုင်နေကြသ လိုနှစ်ဖွဲ့စလုံးကိုအခွန်တွေပေးဆောင်နေကြရတယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

ရခိုင်ပြည်ထဲသို့အဝင်အမ်းမြို့နယ်ရှိစစ်ဆေးရေးဂိတ်တွေကနေမောင်တောမြို့နယ်မြောက်ပိုင်းထိကားလမ်းမတွေမှာနှစ်ဖွဲ့စလုံးရဲ့စစ်ဆေးရေးဂိတ်တွေရှိနေတယ်လို့လည်း ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

မိုခါအလွန် ရခိုင်ပြည်သူလူထုတစ်ရပ်လုံးဟာ ကုန်စျေးနှုန်းကြီးမြှင့်တဲ့ဒဏ်တွေကိုသာမကအခွန်အခပေးဆောင်နေကြရမှုဒဏ်တွေကိုလည်း ကြုံတွေ့ခံ စားနေကြရတယ်လို့ ဆိုကြပါတယ်။

”စစ်တပ်ဂိတ်တွေကတော့ ကုန်ပစ္စည်းကိုကြည့်ပြီးပတောင်းတယ်။သူတို့ကိုဘယ်လောက်ပေး အဲဒီသ ဘောမျိုးပါ။မပေးရင်လုံးဝဂိတ်ဖြတ်ခွင့်မပေးဘူး။” လို့ ရခိုင်မှကုန်ပို့ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

အဲဒီလိုနှစ်ဖွဲ့စလုံးကို အခွန်ပေးဆောင်နေကြရတာမို့ ငွေကြေးကုန်ကျမှုတွေများပြားသလိုကုန်စျေးနှုန်းတွေမြှင့်တက်နေရတာလို့ ရခိုင်ပြည်သူတွေက ဆို ကြပါတယ်။

”နှစ်ဖွဲ့စလုံးက အဲလိုကောက်နေတော့ ကျနော်တို့မှာ ကုန်တစ်ခေါက်ရောက်ဖို့မနည်းကုန်ကျရပါတယ်။ဒါကြောင်း ပုံမှန်စျေးနဲ့ရောင်းဖို့မဖြစ်နိုင်တော့ဘူး။အ မြတ်ရမယ့်ငွေတွေက အခွန်ပေးနေရတာနဲ့ညီမျှတ ယ်ဆိုတော့ ကျနော်တို့နောက်ထပ်အမြတ်နည်းနည်းရဖို့ စျေးကို တင်ရောင်းနေရတာဖြစ်တယ်။”လို့ ရခိုင်ကုန်သည်တစ်ဦးက ပြောပါတယ်။

ရခိုင်မှာရက္ခိုင်တပ်တော်ထိန်းချုပ်နယ်မြေတွေမှာ စီးပွားရေးလုပ်ငန်းရှင်တွေကို အခွန်ကောက်ခံနေသလိုမြို့ပေါ် စီးပွားရေးလုပ်ငန်းရှင်တွေကို စစ်ကော င်စီက အခွန်ကောက်ခံနေပြီး ကုန်ကားသမားတွေက တော့ နှစ်ဖွဲ့စလုံးကို အခွန်ပေးနေကြရတယ်လို့ ဆိုကြပါတယ်။

ရခိုင်သို့ အထွေထွေကုန်ပစ္စည်းတွေလာပို့ကြတဲ့ ကု န်ကားတွေဆီကနေ ရက္ခိုင့်တပ်တော်(AA)က ကုန် စည်တန်ဖိုးရဲ့သုံးရာခိုင်နှုန်းကို ကောက်ခံနေတယ်လို့ ကုန်ကားသမားတွေက ဆိုကြပါတယ်။

“အေအေက ကောက်တာပါ။သယ်ယူလာတဲ့ ကုန်ပစ္စ ည်းတန်ဖိုးက၃%(ရာခိုင် နှုန်း)ကောက်တယ်။သိန်းတစ်ထောင်ဖို့သယ်ယူလာတဲ့ကုန်ပစ္စည်းတွက် သိန်း သုံးဆယ်ပေးနေရတာပါ။”လို့ ရခိုင်သို့ ကုန်စည်သ ယ်ယူပို့ဆောင်ပေးနေတဲ့ ကုန်ကားသမားတစ်ဦးက ပြောပါတယ်။

အဲဒီအပြင် စစ်ကောင်စီဂိတ်တွေကလည်း ကုန်ကားတွေမှာ သယ်ယူလာတဲ့ ကုန်ပစ္စည်းတွေကိုကြည့်ပြီး တောင်းယူနေ ကြတယ်လို့ ဆိုကြပါတယ်။

ရခိုင်မှာ အာဏာသိမ်းစစ်ကောင်စီနဲ့ရက္ခိုင်တပ်တော် (AA)တို့ကြား အခွန် ကောက်ခံမှုနှစ်ခုဖြစ်နေတာမို့ တချို့ကုန်စျေးနှုန်းတွေမတက်သင့်ဘဲတက်ကာပြည်သူတွေ စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ ဆိုကြပါတယ်။

(ဓာတ်ပုံ-ကျောက်တော်မြို့နယ်ရှိစစ်ကောင်စီစစ် ဆေးရေးဂိတ်တစ်ခု/BNA)

(ယခုသတင်းအား Ayeyarwaddy Times သတင်းဌာန၏မိတ်ဖက်ဖြစ်သည့် Border News Agency မှသတင်းကို ဖော်ပြခြင်း ဖြစ်ပါသည်။)

#Ayeyarwaddy_Times