ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၉ ရက်

ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ တင်းချောင်းကျေးရွာအုပ်စု၊ ယောင်းယင်းကျေးရွာတွင် စက်တင်ဘာလ ၉ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေစီးဆင်းမှုကြောင့်

လူနေအိမ်တစ်လုံးရေထဲမျောပါပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

မိုးသည်းထန်စွာရွာပြီး တောင်ကျချောင်းရေရုတ်တရက်စီးဆင်းမှုကြောင့် မိသားစု ၆ ဦးနေထိုင်သည့် နေအိမ်တစ်လုံးမျောပါပျက်စီးခဲ့ပြီး ရေစီးကြေင်းပေါ်တွင်ရှိနေသော ဦးနေမျိုးထွန်းဆိုသူမှာ ရေစီးနှင့်ပါပြီး သေဆုံးခဲ့ကြောင်းသိရှိရသည်။

” တောင်ကျချောင်းရေက မိုးအရမ်းရွာရင် အမြဲဖြစ်ပါတယ်၊ မျောသွားတဲ့အိမ်က မိသားစုတွေက တော့ ဘေးကင်းပေမယ့် အိမ်မှာရှိတဲ့ပစ္စည်းတွေ အကုန်ပါသွားတယ်။ ရေစီးနဲ့ မျောပြီး သေဆုံးသွားသူကတော့ ညနေ ၄ နာရီ မှာ အလောင်းပြန်တွေ့ပါတယ်” ဟု ဒေသခံတစ်ဦးကဧရာ၀တီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင် တောင်ကျချောင်းစီးဆင်းရာတွင် နေအိမ်မျောပါသွားသည့် မိသားစုများမှာ လက်ရှိတွင်နီးစပ်ရာဆွေမျိုးနေအိမ်တွင်ယာယီနေထိုင်နေပြီး ကျေးရွာဒေသခံများမှ စားနပ်ရိက္ခာများဝိုင်း၀န်းထောက်ပံထားရကြောင်း သိရှိရသည်။

ငပုတောမြို့နယ်အတွင်းက ကျေးရွာအချို့သည် မိုးရာသီတွင် တောင်ကျရေကြီးသည့်ဒဏ်အား နှစ်စဥ်ခံရလေ့ရှိသည့်ဒေသဖြစ်ကြောင်း ဒေသခံများပြောဆိုချက််အရသိရသည်။

#ငရုတ်ကောင်းမြို့ #တောင်ကျချောင်းရေ #အမျိုးသားတစ်ဦးသေဆုံး #စစ်ကောင်စီတပ် #Ayeyarwaddy_Times