ဧရာဝတီတိုင်းမ်

အမ်း၊စက်တင်ဘာလ ၁၀ ရက်

ဒီကနေ့မှာကျရောက်တဲ့ ဆရာတော်ဦးဥတ္တမပျံလွန်တော်မူတဲ့ ၈၄ နှစ်မြောက်အထိမ်းအမှတ်အနေနဲ့ အမ်းမြို့နယ်မှာ သစ်ပင်တစ်ထောင်ကျော် စိုက်ပျိုး‌ နေတယ်လို့ ဦးဆောင်ပြုလုပ်သူတွေက ဆိုကြပါတယ်။

အမ်းမြို့နယ်၊ကျောက်မြောင်းအုပ်စု၊ပျဥ်းချောင်းတောင်ပေါ် သစ်တောမှာ စက်တင်ဘာလ ၈ ရက်၊မနေ့က အကြိုအနေနဲ့အပင်အမျိုးအစားတစ်စုကို ၈၄ ပင်စီနဲ့အမျိုးအစား ၆ မျိုး၊စုစုပေါင်း ၅၀၀ ကျော် စိုက်ပျိုးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအပြင် ဒီနေ့မှာလည်း အာရှနီ၀န်းဆရာတော်ဦးဥတ္တမဘေးမဲ့ဒီရေတောထဲမှာ သစ်ပင်ပေါင်း ၈၄၀ ကျော် စိုက်ပျိုးမှာဖြစ်ပြီး ဘေးမဲ့ဂဏန်းတွေလည်း လွှတ်မယ်လို့ ကိုမျိုးလွင်က ပြောပါတယ်။

ဆရာတော်ဦးဥတ္တမဘေးမဲ့ဒီရေတောဟာ အမ်းမြို့တောင်ဘက်ရှိ ဧက ၂၀၀ ၀န်းကျင် ကျယ်၀န်းတဲ့ ဒီရေတာတစ်ခုကို ၈၂ နှစ်မြောက် ဆရာတော်နေ့တုန်းက ဂုဏ်ပြုသတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာကျရောက်တဲ့ ၈၃ နှစ်မြောက် ဆရာတော်နေ့အထိမ်း အမှတ်တုန်းကလည်း အမ်းမြို့နယ်မှာ သစ်ပင်တွေ စိုက်ပျိုးခဲ့ကြပါတယ်။

ကိုမျိုးလွင်ဟာ ဒီရေတောတွေကို တနိုင်တပိုင် ထိန်း သိမ်းစိုက်ပျိုးနေတဲ့ သဘာ၀ပတ်၀န်းကျင်အရေးတ က်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပါတယ်။

(ယခုသတင်းအား Ayeyarwaddy Times သတင်းဌာန၏မိတ်ဖက်ဖြစ်သည့် Border News Agency မှသတင်းကို ဖော်ပြခြင်း ဖြစ်ပါသည်။)