ဧရာဝတိီတိုင်းမ်
စက်တင်ဘာလ ၈ ရက်

ဧရာဝတီတိုင်း လေးမျက်နှာမြို့တွင်းသို့ ကုန်တင်ယာဥ်​
များမှစားသုံးဆီတင်ဆောင်ခွင့်အပေါ် ယမန်နေ့ (စက်တင်ဘာ ၈)ကစပြီး သယ်ဆောင်ခွင့်ပိတ်ပင်လိုက်ကြောင်း ကုန်တင်ယာဥ်မောင်းများထံကသိရသည်။

လေးမျက်နှာမြို့အတွင်းသို့ စားသောက်ကုန်နှင့်အခြားကုန်စည်များကိုပို့ဆောင်ခွင့်ပြုထားသော်လည်း စားသုံးဆီအမျိုးအမျိုးသယ်ဆောင်ခွင့်အပေါ် ယမန်နေ့ကစပြီး ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်းမြို့ခံကုန်တင်ယာဥ်မောင်းတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

” အခြားကုန်စည်တွေဆိုရင်တင်ခွင့်ပေးတယ်။စားသုံးဆီဆိုတာနဲ့ဘာပဲဖြစ်ဖြစ်သယ်ခွင့်မပေးဘူး။မြို့အဝင်အထွက်နေရာမှာပဲစစ်ပြီးအသိမ်းခံရတယ်” ဟု ၄င်းကပြောသည်။

ယင်းစားသုံးဆီသယ်ဆောင်ခွင့်ပိတ်ပင်ခံရမှုနှင့်ပက်သက်၍ပြီးခဲ့သည့် စက်တင်ဘာလ၅ ရက်နေ့ ၌မြို့နယ်ထွေအုပ်အဖွဲ့မှမြို့တွင်းရှိအခြေခံစားသောက်ကုန်စည်ရောင်းချသူ

များကိုအစည်းအဝေးခေါ်ယူပြောဆိုခြင်းဖြစ်ကာစားအုံးဆီသိုလှောင်ထားခြင်း မပြုလုပ်ရန်နှင့်အကန့်အသတ်ဖြင့်ရောင်းချရန်ကိုလည်းသတိပေးမှုပြုလုပ်ခဲ့ကြောင်းမြို့ခံအခြေခံစားသောက်ကုန်ရောင်းချသူများထံကသိရသည်။

” တနေ့ကထွေအုပ်တွေအစည်းအဝေးခေါ်ပြောတာ။စားသောက်ကုန်တွေကိုတော့ပေးရောင်းမယ်။စားသုံးဆီနဲ့ပက်သက်လို့ကားတွေနဲ့သယ်ခွင့်မပေးဘူး။ဆိုင်တွေအိမ်မှာမသိုလှေင်ရဘူး။ရောင်းချချင်ရင်အကန့်အသတ်နဲ့ပဲပေးရောင်းမယ်။အစည်းအဝေးမှာသတိပေးခံခဲ့ရတယ်” ဟု မြို့ခံအခြေခံစားသောက်ကုန်ရောင်းချသူတစ်ဦးကဆိုသည်။

လေးမျက်နှာမြို့တွင်း၌စားသုံးဆီများဝယ်ယူရာတွင်သက်ဆိုင်ရာရပ်ကွက်ထောက်ခံစာပါရှိမှသာ တစ်အိမ်ထောင်စုလျှင်စားသုံးဆီ၅ပိဿာနှင့်လူတစ်ဦးလျှင်စားသုံးဆီ တစ်ပိဿာ ၄၅၀၀ ကျပ်ရောင်းချရန်စစ်ကောင်စီလက်အောက်ခံမြို့နယ်ထွေအုပ်မှညွှန်ကြားထားကြောင်းဒေသခံများထံကသိရသည်။

#လေးမျက်နှာ #ကုန်တင်ယာဥ်များကိုစားသုံးဆီ #သယ်ဆောင်ခွင့်ပိတ်ပင် #Ayeyarwaddy_Times