
နွေဦးမောင် /ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၉ ရက်
မန္တလေး တော်လှန်ရေးအဖွဲ့များ ဖြစ်ကြသည့် ခရိုင်အဆင့် ( PDF ) တပ်ရင်း များကို စုစည်းပြီး မန္တလေးတော်လှန်ရေး တပ်ပေါင်းစုအဖြစ် စက်တင်ဘာလ (၉)ရက်နေ့ တွင် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
တော်လှန်ရေး လုပ်ငန်းများ ဖော်ဆောင်ရာတွင် အင်အားတောင့်တင်း ခိုင်မာပြီး စုပေါင်းစည်းလုံးကာ စစ်အာဏာရှင် အပြီးသတ် ချေမှုန်းနိုင်ရေးအတွက် ယခုကဲ့သို့ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
“ မန္တလေး ခရိုင်တပ်ပေါင်းစုကို မန္တလေး ခရိုင် တပ်ရင်း (၃) ၊ မန္တလေးခရိုင် PDF တပ်ရင်း (၄) ၊ မန္တလေးခရိုင် PDF တပ်ရင်း (၅)နှင့် မန္တလေးခရိုင် PDF တပ်ရင်း (၆) တို့ကို ပူပေါင်းပြီး မန္တလေး တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းလိုက်တာပါ” ဟု မန္တလေးတပ်ပေါင်းစု တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယခုကဲ့သို့ တပ်ပေါင်းစု ဖွဲ့စည်းခြင်းကြောင့် ဒေသအတွင်းရှိ လက်နက်ကိုင် တော်လှန်ရေး အင်အားစု အချင်းချင်းကြား ဘုံသဘောတူညီချက်များအတွက် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ပိုမိုအားကောင်းနိုင်မည်ဟု တော်လှန်ရေး အင်အားစုများကပြောသည်။
#တပ်ဖွဲ့၄ဖွဲ့ပူးပေါင်းပြီး #မန္တလေး #တော်လှန်ရေး #တပ်ပေါင်းစုအဖြစ်ဖွဲ့စည်း #Ayeyarwaddy_Times