
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၉ ရက်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် ယူကရိန်းသို့သွားရောက်ကာ စစ်ရေးနဲ့ လူသား ချင်းစာနာမှုအကူအညီသစ် ဒေါ်လာ တစ်ဘီလီယံ ကူညီဖို့ ကတိပြုပြီး နောက်တစ်ရက်မှာ စစ်လက်နက်နဲ့ အခြား ကိရိယာတွေပါဝင်တဲ့ ဒေါ်လာ သန်း ၆၀၀ တန်ကြေးရှိ အကူအညီသစ် ယူကရိန်းသို့ ပေးအပ်ကြောင်း ပင်တဂွန်က ကြေညာခဲ့ပါတယ်။
စစ်လက်နက်စနစ်များဆိုင်ရာ ရေရှည်စာချုပ်တွေအတွက် ငွေကြေးပံ့ပိုးတဲ့ ယူကရိန်း လုံခြုံရေးအကူအ ညီပေးရေး အစီအစဉ်မှတစ်ဆင့် ယခုစစ်ရေးအကူအညီကို ပေးအပ်မယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန က ပြောပါတယ်။
အမေရိကန်နိုင်ငံက ယူကရိန်းသို့ပေးအပ်တဲ့ စစ်ရေးအကူအညီသစ်ထဲမှာ လေကြောင်းရန်ကာကွယ်ရေးစ နစ်တွေ၊ HIMARS အမြောက်ကျည်တွေ၊ တန်ပြန်အီလက်ထရောနစ် စစ်လက်နက်ကိရိယာတွေ၊ ခဲယမ်းမီးကျောက် တွေ၊ မိုင်းရှင်းကိရိယာတွေအပြင် လေ့ကျင့်ရေးနဲ့ပြုပြင်ထိန်းသိမ်းရေးတို့လည်း ပါဝင်ပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေက ရုရှားတပ်ဖွဲ့တွေရဲ့ ခုခံဇုန်တွေကို ချိုးဖျက်ကာ မိုင်းကွင်းတွေရှင်းလင်းနေရတဲ့ ၃ လကြာလာပြီဖြစ်တဲ့ တန်ပြန်ထိုးစစ်ဆင်မှုကို ထောက်ခံကြောင်းပြသတဲ့အနေနဲ့ အမေရိကန်အစိုးရက အခုလို ယူကရိန်းသို့ စစ်လက်နက်တွေ ထောက်ပံ့တာလို့ သိရပါတယ်။
ထိုးစစ်ဆင်တာ နှေးကွေးတာနဲ့ပတ်သက်လို့ မဟာမိတ်နိုင်ငံအချို့က စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောပေ မယ့် ယူကရိန်းထိုးစစ်က အောင်မြင်မှုရပြီး ရုရှားဒုံးကျည်တွေကို ပစ်ချဖို့ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အောင်မြင်စွာ အသုံးပြုခဲ့တယ်လို့ အချို့က ပြောပါတယ်။
စစ်လက်နက်တွေ ဒေါ်လာ ၁၇၅ သန်း၊ ယူကရိန်းက လက်နက်နဲ့ကိရိယာတွေ ဝယ်ယူနိုင်ဖို့ ဒေါ်လာ သန်း ၁၀၀ ပင်တဂွန်က ထပ်တိုး ထောက်ပံ့မယ်လို့ ကိယက်ဗ်ခရီးစဉ်အတွင်း ဘလင်ကန်က ကြေညာခဲ့ပါတယ်။
ဒါ့အပြင် ဉပဒေစိုးမိုးရေး၊ လူသားချင်းစာနာမှုအကူအညီ၊ အကျင့်ပျက်ချစားမှုတိုက်ဖျက်ရေးနဲ့ မိုင်းရှင်း လင်းရေး အပါအဝင် လက်နက်မဟုတ်တဲ့အကူအညီ ဒေါ်လာ ၈၀၅ သန်းနီးပါး အမေရိကန်နိုင်ငံက ပံ့ပိုးကူညီမယ် လို့ သူက ဆိုပါတယ်။
ဒီနှစ်အတွင်း ယူကရိန်းနိုင်ငံအတွက် စစ်ရေးနဲ့ လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၂၁ ဘီလီယံ ထပ် တိုးကူညီဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တောင်းဆိုခဲ့ပြီး ကွန်ဂရက်ကလည်း အတည်ပြုဖွယ်ရှိပါတယ်။
ကိုးကား – AP
Ref; US announces new $600 million aid package for Ukraine to boost counteroffensive