
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၉ ရက်
ပြည်တွင်းရွှေဈေးနှုန်းနှင့် နိုင်ငံခြားငွေလဲဈေးနှုန်းများ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းစံချိန်တင်ဈေးမြင့်ခဲ့ပြီးနောက် ယခုစက်တင်ဘာ ပထမအပတ်တွင် ပြန်လည်ကျဆင်းလာပြီးဖြစ်ကြောင်းဈေးကွက်အတွင်းမှ သတင်းရရှိသည်။
ယနေ့ စက်တင်ဘာ ၉ ရက်နေ့ ဈေးကွက်အဖွင့်တွင် အကယ်ဒမီရွှေတစ်ကျပ်သားလျှင် ဝယ်ဈေး ကျပ် ၃၄ သိန်း တစ်သောင်း နှင့် ရောင်းဈေး ကျပ် ၃၄ သိန်း ခြောက်သောင်းဖြင့်ဈေးဖွင့်ကြောင်း ရွှေဆိုင်များထံမှ စုံစမ်းသိရသည်။
နိုင်ငံခြားငွေလဲနှုန်းများမှာလည်း အမေရိကန်တစ်ဒေါ်လာလျှင် ဝယ်ဈေး ၃၃၅၀ ကျပ်နှင့် ရောင်းဈေး ၃၄၅၀ ကျပ်၊ ထိုင်း တစ်ဘတ်လျှင် ဝယ်ဈေး ၉၃ ကျပ်နှင့် ရောင်းဈေး ၉၅ ကျပ်၊ တရုတ်ယွမ် တစ်ယွမ်လျှင် ဝယ်ဈေး ၄၆၃ ကျပ်နှင့် ရောင်းဈေး ၄၇၀ ကျပ် ရှိကြောင်းသိရသည်။
လက်ရှိတွင်မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်တင်ဘာ ၆ ရက်နှင့် ၈ ရက်နေ့တွင် အမေရိကန်ဒေါ်လာစုစုပေါင်း ၆ သန်းကို ပြည်တွင်းဘဏ်များမှတဆင့် ဝယ်ယူသူများထံ ရောင်းချထားကြောင်း ယင်းဌာနက ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇူလိုင်လတွင် စစ်ကောင်စီက ကျပ်ငွေနှစ်သောင်းတန် အသစ်ထုတ်မည်ဟု ကြေညာပြီးနောက်ပိုင်း ဈေးနှုန်းများမြင့်တက်လာခြင်းဖြစ်ပြီ ဩဂုတ်လကုန်ပိုင်းတွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ၃၉၅၀ ကျပ် ၊ ထိုင်းတစ်ဘတ် ၁၀၅ ကျပ်၊ တရုတ်ယွမ် တစ်ယွမ်လျှင် ၅၀၈ ကျပ်ထိမြင့်တက်ခဲ့သည်။
ဓာတ်ပုံ – လူမှုကွန်ယက်