ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၉ ရက်

ရုရှားနိုင်ငံက လာမယ့်နှစ်အနည်းငယ်အတွင်း အမြောက်ကျည်ထုတ်လုပ်မှုကို အနောက်နိုင်ငံအချို့ မျှော် မှန်းထားတာထက် နှစ်ဆနီးပါးဖြစ်တဲ့ ၂ သန်းခန့် နှစ်စဉ် တိုးမြှင့်ထုတ်လုပ်မှာဖြစ်ပေမယ့် အမြောက်ကျည်လိုအပ် ချက် ရှိနေဆဲဖြစ်ကြောင်း အနောက်နိုင်ငံ တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။

ရုရှားနိုင်ငံက ပြီးခဲ့တဲ့နှစ်အတွင်း ယူကရိန်းနိုင်ငံမှာ အမြောက်ကျည် ၁၁ သန်းခန့် ပစ်ခတ်ခဲ့တယ်လို့ အ မည်မဖော်လိုတဲ့ အဆိုပါတာဝန်ရှိသူက ပြောပါတယ်။

“ရုရှားစစ်တပ်က ပြီးခဲ့တဲ့နှစ်အတွင်း ယူကရိန်းစစ်ပွဲအတွင်း အမြောက်ကျည် ၁၁ သန်းခန့် ပစ်ခတ်ခဲ့ပါ တယ်။ ရုရှားနိုင်ငံက တစ်နှစ်ကို အမြောက်ကျည် ၂ သန်းခန့်သာ ထုတ်လုပ်နိုင်ပါတယ်” လို့ အဆိုပါပုဂ္ဂိလ်က သတင်းထောက်တွေကို ပြောပါတယ်။

ကာကွယ်ရေးကဏ္ဍမှာ ရုရှားနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် အနောက်နိုင်ငံအချို့ ခန့်မှန်းထားတာ ထက် နှစ်ဆဖြစ်တဲ့ တစ်နှစ်လျင် တင့်ကား ၂၀၀ နီးပါး ထုတ်လုပ်နိုင်မယ်လို့ သူက ဆိုပါတယ်။

ယူကရိန်းစစ်ပွဲမှာ အကြီးအကျယ် ရှုံးနိမ့်နေတာကြောင့် ရုရှားစစ်တပ်က တင့်ကားလိုအပ်ချက် များပြား နေဆဲလို့ သူက ထောက်ပြပါတယ်။

ရုရှားစစ်တပ်က ယူကရိန်းစစ်ပွဲအတွင်း တင့်ကား ၂၀၀၀ ဆုံးရှုံးခဲ့တာကြောင့် ဆုံးရှုံးခဲ့တဲ့တင့်ကားအရေအ တွက် ထုတ်လုပ်ဖို့ ဆယ်စုနှစ်တစ်ခု အချိန်ယူရမယ်လို့ ယင်းအနောက်နိုင်ငံတာဝန်ရှိသူက ပြောပါတယ်။

ရုရှားနိုင်ငံက ယူကရိန်းစစ်ပွဲမှာ သံချပ်ကာယာဉ် ၄၀၀၀၊ တိုက်လေယာဉ် ၁၀၀ နဲ့ ကျဆုံးသူနဲ့ထိခိုက် ဒဏ်ရာရသူ အပါအဝင် တပ်ဖွဲ့ဝင် ၂၇၀၀၀၀ ဆုံးရှုံးခဲ့ပြီလို့ သူက ဆိုပါတယ်။

ကိုးကား – Reuters
Ref; Russia ramps up artillery production but still falling short, says Western official

#Ayeyarwaddy_Times