
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၉ ရက်
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ဟာ စက်တင်ဘာလ ၇ ရက်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်နဲ့ တွေ့ဆုံစဉ် မြန်မာနဲ့ ပါလက်စတိုင်းအရေးတွေအပြင် အာဆီယံ-ကုလသမဂ္ဂ ပူးပေါင်း ဆောင်ရွက်မှုကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ကုလသမဂ္ဂ၊ အာဆီယံအဖွဲ့နဲ့ အနီးကပ် လက်တွဲဆောင်ရွက်ဖို့ အထူးသဖြင့် မြန်မာနိုင်ငံအတွက် ငြိမ်းချမ်း သော နိုင်ငံရေးအခြေအနေတစ်ရပ် ရှာဖွေမယ့် ကြိုးပမ်းမှုတွေနဲ့ပတ်သက်တဲ့ မလေးရှားနိုင်ငံရဲ့ ကတိကဝတ်ကို ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲရဲ့ ဘေးပန်းအစည်းအဝေးဖြစ်တဲ့ အန်တိုနီယိုဂူတာရက်စ်နဲ့ တွေ့ဆုံ စဉ် အန်ဝါအီဘရာဟင်က ထပ်လောင်းအတည်ပြုခဲ့ပါတယ်။
စက်တင်ဘာလ ၇ ရက်မှာ ထုတ်ပြန်တဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ထုတ်ပြန်ချက်မှာ ဘုံသဘောတူညီ ချက် ၅ ရပ်ဟာ မြန်မာ့နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရာမှာ အဓိက အကိုးအကားအဖြစ် ဆက်ရှိနေဖို့ ဖော်ပြခဲ့ ပါတယ်။
မြန်မာပြည်သူတွေရဲ့ ဘေးဒုက္ခ၊ လူသားချင်းစာနာမှု အကျပ်အတည်း၊ နေအိမ်နဲ့ ပြည်သူပိုင်အဆောက်အ အုံတွေ ပျက်စီးမှုတွေ တာရှည်စေပြီး ဒေသတွင်းတည်ငြိမ်မှု အထူးသဖြင့် နယ်စပ်ဒေသတစ်လျောက်မှာ ဆိုးရွားတဲ့ သက်ရောက်မှုတွေဖြစ်စေတဲ့ အကြမ်းဖက်မှုတွေ အရှိန်မြှင့်လာတာကို အန်ဝါနဲ့ အာဆီယံခေါင်းဆောင်တွေက အ ပြင်းအထန် ရှုတ်ချခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဧပြီလအတွင်း အာဏာသိမ်းခေါင်းဆောင်ကိုယ်တိုင် သဘောတူညီခဲ့တဲ့ တူညီဆန္ဒ ၅ ရပ် ဖော် ဆောင်ရာမှာ တိုးတက်မှုမရှိတာကို အလွန်အမင်း စိုးရိမ်မိတယ်လို့ အာဆီယံခေါင်းဆောင်တွေက ပြောပါတယ်။
မြန်မာပြည်သူတွေက ငြိမ်းချမ်းသော၊ အားလုံးပါဝင်သော၊ တာရှည်ခံသော အဖြေရှာဖို့ အာဆီယံအဖွဲ့က မဟာဗျူဟာတွေ၊ နည်းလမ်းတွေ ဆက်လက်ကူညီမယ့် ကတိကဝတ်ကို ထပ်လောင်းအတည်ပြုပါတယ်လို့ အာဆီ ယံခေါင်းဆောင်တွေက ဆိုပါတယ်။
ကိုးကား – Bernama
Ref; Anwar raises Palestine, Myanmar issues during bilateral meeting with UN Sec-Gen