
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၉ ရက်
နည်းပညာအသုံးပြု၍ ရောင်းဝယ်ရေးလုပ်ကိုင်နေသော အွန်လိုင်းဈေးဆိုင်များ အပါအဝင် E – Commerce လုပ်ငန်း၊ အင်တာနက်အခြေပြု ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် လမ်းညွှန်ချက် ၉၉ ချက်ကို စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
အဆိုပါ လမ်းညွှန်ချကများတွင် အီလက်ထရောနစ်နည်းလမ်းဖြင့် ကူးသန်းရောင်း ဝယ်ခြင်းတွင် အင်တာနက် (သို့မဟုတ်) အခြားသတင်းအချက်အလက် ကွန်ရက်များမှတဆင့် ကုန်စည်နှင့် ဝန်ဆောင်မှု ရောင်းချခြင်း ပါဝင်ကြောင်းသိရသည်။
ထို့ပြင် လူမှုကွန်ပလက်ဖောင်းများ Facebook၊ WeChat၊ PayPal၊ Alipay Instagram နှင့် X (twitter) တို့တွင် ကုန်စည်နှင့်ဝန်ဆောင်မှုရောင်းချခြင်းများပါဝင်သည်။
အဆိုပါလမ်းညွှန်ချက်များတွင် မူလဈေးနှုန်းဖြင့်ဝယ်ယူရန်သဘောတူပြီးချိန်တွင် ထပ်မံ တိုးမြင့်ကောက်ခံကာ စားသုံးသူကိုလှည့်စားခြင်းမပြုလုပ်ရန်၊ E – Commerce လုပ်ကိုင်သူကြောင့် ထိခိုက်ပါက ပို့ဆောင်ခအပါအဝင် ကုန်ကျမည့်စရိတ်များအားလုံး ကျခံရန် စသည့် အသေးစိတ်လမ်းညွှန်ချက်များပါဝင်သည်။
ထို့ပြင် အင်တာနက်အခြေပြုရောင်းချသူများအနေဖြင့် တည်ဆဲဥပဒေများကိုလိုက် နာရန် နှင့် လုပ်ငန်းလိုင်စင် လျှောက်ထားရမည်ဖြစ်ကြောင်း ပါဝင်သည်။
ယင်းအပြင်စားသောက်ကုန်၊ လှကုန်နှင့်ဆေးဝါးပစ္စည်းများ၊ တိုင်းရင်းဆေးဝါး၊ ပိုးသတ်ဆေး၊ အပင်နှင့်အပင်ထွက်ကုန်ပစ္စည်းများ၊ အရက်၊ ဝိုင် အပါအဝင် ဓာတ်မြေဩဇာနှင့် မျိုးစေ့ရောင်းချသူများ သက်ဆိုင်ရာဥပဒေများကို လိုက်နာ ရမည်ဖြစ်ကြောင်း လမ်းညွှန်ချက်ရေးသားထားသည်။
ထိုသို့ လမ်းညွှန်ချက်များ ထုတ်ပြန်ခြင်းသည် E – Commerce လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အားပေးအထောက်အကူပြုရန်၊ စားသုံး သူများ၏ အခွင့်အရေးကာကွယ်ခြင်း နှင့် ASEAN E -Commerce Agreement အရ အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း ဆိုထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#အွန်လိုင်းဈေးဆိုင်များ #ecommerce #စစ်ကောင်စီ #လမ်းညွှန်ချက်၉၉ချက် #Ayeyarwaddy_Times