
ဧရာ၀တီတိုင်းမ်
စက်တင်ဘာ ၉ ရက်
အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်တွင် ကရင်နီသို့ ရှေ့တန်းထွက်ရမည် စိုးရိမ်သဖြင့် တပ်တွင်းမှ ထွက် ပြေးသည့် အရာရှိနှင့်စစ်သည် ၁၀၀ ကျော်ရှိကြောင်း သိရသည်။
စစ်ရေးပြင်းထန်နေသည့် ကရင်နီပြည်နယ် ရှေ့တန်းစစ်ဆင်ရေးကို မသွားလိုသည့် အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်အတွင်းရှိ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် အရာ ရှိအချို့ တပ်ပြေးမှုများဖြစ်ပေါ်နေကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။
“တပ်ရဲ့ဖွဲ့စည်းပုံပျက်တဲ့အထိ အင်အားပြုန်းတီးမှုတွေ ဖြစ်နေတော့ နောက်ထပ်လွှတ်ခံရမယ့် တပ်တွေက မထွက်ချင်ဘူး ဖြစ်နေကြတာ။ ရှေ့တန်းလွှတ်ခံရမယ့်သူတွေက မင်းတို့ သွားသေလို့ ပြောတာနဲ့ အတူတူပဲဖြစ်နေတယ်။ တပ်ထဲမှာ အရာရှိတွေရော ခွင့်မဲ့တွေနဲ့ တပ်ပြေးဖြစ်နေတာ မနည်းဘူး” ဟု တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဇူလိုင်လမှ ဩဂုတ်လအထိ နှစ်လအတွင်း စစ်ကောင်စီတပ်တွင် ရှေ့တန်းသို့ ထွက်ရန် ငြင်းဆန်မှုကြောင့် တပ်ရင်းမှူးများ၊ ဒုတပ်ရင်းမှူးများအပါအ၀င် အရာရှိစစ်ဗိုလ် ၁၀၀ ကျော်မှာ ခွင့်မဲ့ဖြင့် တပ်ပြေးမှုများ ရှိနေကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သည် မန္တလေးအခြေစိုက်ဖြစ်ပြီး ၎င်း၏လက် အောက်တွင် တပ်မ ၈၈၊ တပ်မ ၉၉၊ တပ်မ ၁၀၁ တို့ရှိပြီး ယင်းတပ်ရင်း၊ တပ်ဖွဲ့များသည် ကရင်နီပြည် နယ်တွင် အများဆုံး ပို့ဆောင်ခံထားရပြီး စစ်ဆင်ရေးဖော်ဆောင်နေရသည့် တပ်မများဖြစ်သည်။
#လပခ #စစ်ကောင်စီတပ် #တပ်ရင်းမှူး #ဒုတပ်ရင်းမှူး #ခွင့်မဲ့တပ်ပြေး #Ayeyarwaddy_Times