
ဧရာ၀တီတိုင်းမ်
စက်တင်ဘာ ၉ ရက်
စစ်ကောင်စီတပ် အခြေစိုက်တပ်စွဲထားသည့် ရန်ကုန်တိုင်း လွှတ်တော်ရုံး၀င်းကို လက်နက်ကြီးဖြင့်ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ထံက သိရသည်။
ယနေ့ စက်တင်ဘာ ၉ ရက်နေ့ နံနက် ၄ နာရီ၃၀မိနစ်ခန့်က စစ်တပ်အခြေချအထိုင်တပ်စွဲထားသည့် ရန်ကုန် တိုင်းလွှတ်တော်ရုံးအတွင်းကို လက်နက်ကြီးဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကိုထိထိရောက်ရောက် ပစ်ခတ်နိုင်ခဲ့သဖြင့် ထိခိုက်သေဆုံးမှုများနိုင်ကြောင်း သိရသည်။
“ပြည်သူ့စစ်မဟာဗျူဟာကို အကောင်အထည်ဖော်ရတဲ့အတွက် မြို့ပြမှာရန်သူရဲ့ အုပ်ချုပ်ရေး၊ စစ်ရေး၊ စီးပွား ရေးယန္တရားတွေ လုံး၀လည်ပတ်လို့မရအောင် နည်းလမ်းပေါင်းစုံနဲ့ တိုက်ခိုက်နေမှာဖြစ်တယ်။ အကြမ်းဖက်စစ်ကောင်စီ ပြုတ်ကျသွားတဲ့အထိ တော်လှန်တိုက်ပွဲ၀င်သွားမှာဖြစ်တယ်”ဟု ရန်ကုန် တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါတိုက်ခိုက်မှုအပြီးတွင် လွှတ်တော်၀န်းအတွင်းသို့ DC နှစ်စီး၊ မီးတန်းတစ်စီး၊ Faw တစ်စီး ၀င်ရောက်သွားကြောင်း သိရသည်။
တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုနှင့်ပတ်သက်ပြီး အသေးစိတ်မသိရှိရသေးဘဲ ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။
#ရန်ကုန်လွှတ်တော်ရုံး #စစ်ကောင်စီတပ် #လက်နက်ကြီး #တိုက်ခိုက်ခံရ #Ayeyarwaddy_Times