ဧရာ၀တီတိုင်းမ်

စက်တင်ဘာလ ၈ ရက်

ရန်ကုန်မှ နေပြည်တော်သို့ သွားသည့် ရွှေမန်းသူခရီး သည်တင်ယာဉ်သည် အမြန်လမ်း ၉၂ မိုင်တွင် တိမ်းမှောက် ကာတစ်ဦး သေဆုံးပြီး ၂၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာ ၈ ရက် မွန်းလွဲ ၁ နာရီခွဲ၀န်းကျင် အချိန်တွင် နေပြည်တော်သို့သွားမည့် ရွှေမန်းသူ Express ကားသည် အမြန်လမ်း မိုင်တိုင် ၉၂ မိုင်အရောက် တွင် တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

“သေဆုံးက (မ)တစ်ဦး၊ စိုးရိမ်ရ ၈ ဦးနဲ့ မစိုးရိမ်ရတဲ့ လူနာက ၁၅ ဦး အားလုံး ၂၃ ဦးပါ”ဟု ကယ်ဆယ်ရေး အဖွဲ့၀င်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင် ထားကြောင်း သိရသည်။

#ရန်ကုန်-နေပြည်တော်အမြန်လမ်းတွင် #ရွှေမန်းသူ Expressကား #တိမ်းမှောက် #၁ဦးသေဆုံးပြီး #၂၃ဦးဒဏ်ရာရရှိ #Ayeyarwaddy_Times