ဧရာဝတီတိုင်းမ်
ကျောက်ဖြူ၊စက်တင်ဘာလ ၈ ရက်

ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့စစ်ကောင်စီတပ်တို့ကြား သူတို့ရဲ့တပ်ဖွဲ့ဝင်တွေကိုအပြန်အလှန်ဖမ်းဆီးမှုတွေပြန်လည်းစတင်နေကြပြီလို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)ရဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကို စက်တင်ဘာလ ၇ ရက်၊ဒီနေ့နေ့လည်က ကျောက်ဖြူမြို့နယ်က စစ်ကောင်စီစစ်
ဆေးရေးဂိတ်မှာဖမ်းဆီးခဲ့ပါတယ်။

အဲဒီလိုဖမ်းဆီးခံလိုက်ရသူ ကိုဟန်လင်းဟာ ကျောက်ဖြူမြို့နယ်၊ဂုံးချွိန်တိုက်န ယ်၊လိပ်ခမော်အုပ်စု၊ဂေါ်တူရွာကဖြသ်တယ်လို့ ကျောက်ဖြူမြို့ခံတွေက ဆိုကြပါတယ်။

”ရခိုင်မှာ စစ်ကောင်စီက လူဖမ်းပွဲပြန်စချင်နေသလို ပါ။ဒီနေ့တော့ကျောက်ဖြူမှာစစ်တပ်နဲ့အေအေကို သူတို့လူတွေကိုအပြန်အလှန်ဖမ်းဆီးတာတွေပြန်စနေကြပါပြီ။”လို့ ကျောက်ဖြူမြို့ခံတစ်ဦးက ပြောပါတယ်။

အဲဒါကြောင့်ကျောက်ဖြူမြို့နယ်မှာရှိတဲ့အာဏာသိ မ်းစစ်တပ်ရဲ့စစ်တပ်အရာရှိတစ်ဦးနဲ့ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ ကျောက်ဖြူမြို့ခံတွေက ဆိုကြပါတယ်။

အဲဒီအပြင် ရခိုင်က ရန်ကုန်သို့အလုပ်သွားလုပ်တဲ့အ သက် ၁၉ နှစ်အရွယ်၊လူငယ်နှစ်နှစ်ဦးကို စက်တင် ဘာလ ၆ ရက်နေ့က ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင်တွေဆိုပြီး စစ်ကောင်စီကဖမ်းဆီးထားပါတယ်။

ရခိုင်တကျော့ပြန်တိုက်ပွဲကို ပြီးခဲ့တဲ့နိုဝင်ဘာလက ရက္ခိုင့်တပ်တော်(AA)နဲ့အာဏာသိမ်းစစ်တပ်တို့ကြားနှစ်ဘက်နားလည်မှုနဲ့အပစ်ရပ်ခဲ့ကြပေမယ့်အာဏာသိမ်းစစ်တပ်က အပစ်ရပ်ကတိကိုအ ကော င်အထည်မဖော်ဘူးလို့ ရက္ခိုင့်တပ်တော်(AA)က ထုတ်ဖော်ပြောဆိုထားပါတယ်။

”ရခိုင်မှာတကျော့ပြန်တိုက်ပွဲတွေရပ်လိုက်ပေမယ့် စစ်ကောင်စီဖမ်းထားသူတွေကိုမလွှတ်ပေးဘူး။နောက်ပြီးစစ်ဆေးရေးတွေလည်း ပိုလုပ်နေတယ်။မိုခါနောက်ပိုင်းကူညီရေးအဖွဲ့တွေကိုတားဆီးတာကအစပေါ့။ခုတော့အပြန်အလှန်ဖမ်းတာတွေထိပေါ့။နောက်ပိုင်းပိုဖမ်းလာနိုင်ပါတယ်။”လို့ ရခိုင်လွှတ် တော်အမတ်ဟောင်းတစ်ဦးက ပြောပါတယ်။

အဲဒီအပြင် ရခိုင်မှာအပစ်ရပ်လိုက်ပြီးနောက် စစ်ကောင်စီတပ်က စစ်အင်အားတိုးတာ၊စခန်းအသစ်တွေတည် ဆောက်တာ၊စစ်ဆေးရေးဂိတ်တွေမှာ စစ် ဆေးရေးပိုမိုတင်းကြပ်တာတွေပြုလုပ်နေတယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လ ၃၁ ရက်နေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့အစည်းအဝေးမှာ ULA/AA ကိုကူညီအားပေးနေသူတွေကို ဖမ်းဆီးသွားဖို့ပြောဆိုခဲ့တာတွေရှိတယ်လို့ ဆိုကြပါတယ်။

ရခိုင်မှာ အာဏာသိမ်းစစ်ကောင်စီက ဒေသခံရခိုင်ပြည်သူတွေကို စစ်ဆေးတားမြစ်တာတွေပြုလုပ်နေသလို စစ်အင်အားဖြည့်တင်းတာတွေလည်း ပြု လုပ်နေသလိုဖမ်းဆီးမယ့်ရခိုင်ပြည်သူစာရင်းကိုလည်းပြန်လည်ပြုလုပ်ထားတယ်လို့ စုံစမ်းသိရှိထားကြသူတွေက အတည်ပြုပြောကြပါတယ်။

ရခိုင်တိုက်ပွဲကာလမှာစစ်ကောင်စီဖမ်း ဆီးအမှုဖွင့်ထောင်ဒဏ်တွေချမှတ်ထားတဲ့အပြစ်မဲ့ရခိုင်ပြည်သူတစ်ရာကျော်ထိရှိနေသေးတယ်လို့မိသားစုဝင်တွေနဲ့
ကူညီဆောင်ရွက်ပေးနေသူတွေက ဆိုကြပါတယ်။

(ဓာတ်ပုံ-မီးဝဗျူဟာကုန်းတိုက်ပွဲမှာရက္ခိုင့်တပ်တော် (AA)ဖမ်းဆီးထားတဲ့စစ်ကောင်စီတပ်ဖွဲ့ရင်းမှူးတစ်ဦး/AA)

(ယခုသတင်းအား Ayeyarwaddy Times သတင်းဌာန၏မိတ်ဖက်ဖြစ်သည့် Border News Agency မှသတင်းကို ဖော်ပြခြင်း ဖြစ်ပါသည်။)

#Ayeyarwaddy_Times