
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၈ ရက်
ဧရာဝတီတိုင်း၊ မြို့နယ်လေးမြို့နယ်ကကျေးရွာများတွင် စက်တင်ဘာလပထမပတ်အတွင်း မြစ်ရေတိုက်စားပြီးကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၆၀ ကျော်အရေးပေါ်ရွှေ့ပြောင်းခဲ့ရကြောင်း ဘေးအန္တာရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှသိရှိရသည်။
စက်တင်ဘာလအတွင်း မအူပင်၊ ညောင်တုန်း၊ ပန်းတနော်နှင့် ဇလွန်မြို့နယ်အတွင်းက ကျေးရွာ ၈ ရွာရှိ
လူနေအိမ် ၆၇ လုံးအရေးပေါ်ရွှေ့ပြောင်းခဲ့ရတာလို့ တိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနက သိရှိရသည်။
“မြစ်ရေတိုက်စားလာလို့ အရေးပေါ် ဖျက်ခိုင်းလိုက်တာ၊ ဖျက်ရတဲ့အိမ်တွေကိုတော့ထောက်ပံမှုတွေတောလုပ်ပေးထားတယ်”ဟု ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းတဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ရာဇူးတိုင်မြစ်ရေတိုက်စားမှုကြောင့် မအူပင်မြို့နယ်
တွင် နေအိမ် ၃၆ လုံး၊ ဧရာ၀တီမြစ်ရေတိုက်စားမှုကြောင် ဇလွန်မြို့နယ်နှင့် ပန်းတနော်မြို့နယ်တွင်နေအိမ် ၂၈ လုံး၊ တိုးမြစ်ရေတိုက်စားမှုကြောင့် ညောင်တုန်းမြို့နယ်တွင် နေအိမ် ၃ လုံး ရွှေ့ပြောင်းထားရကြောင်း တိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန၏စာရင်းများအရသိရှိရသည်။
လက်ရှိတွင် နေအိမ်ဖျက်သိမ်းပြီး ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့ပေးခဲ့ရသည့် မိသားစု များမှာ နီးစပ်ရာဆွေမျိုးနေအိမ်နှင့် ဘုန်းကြီးကျောင်း စာသင်ကျောင်းများတွင်ယာယီနေထိုင်နေကြောင်းသိရှိရသည်။
#ဧရာဝတီတိုင်း #မြစ်ကမ်းပါးပြိုကျ #လူနေအိမ် #စစ်ကောင်စီတပ် #Ayeyarwaddy_Times