
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၈ ရက်
အစ္စရေး ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီ ၂ ခုက မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားပြီး နောက် မြန်မာစစ်တပ်ထံ ခေတ်မီနည်းပညာသုံး စစ်လက်နက်တွေ ရောင်းချခဲ့တယ်လို့ သိရပါတယ်။
Israel Aerospace Industries (IAI) နဲ့ Elbit Systems ကုမ္ပဏီက စစ်အာဏာသိမ်းမှုနောက်ပိုင်း ၂၀၂၂ ခု နှစ်အထိ မြန်မာစစ်တပ်ထံ ကာကွယ်ရေးစနစ်တွေ ရောင်းချခဲ့တယ်လို့ အစ္စရေးသတင်းစာ Haaretz က စက်တင် ဘာလ ၅ ရက်မှာ ဖော်ပြခဲ့ပါတယ်။
IAI ကုမ္ပဏီက မြန်မာနိုင်ငံသို့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ရောင်းချခဲ့ပြီး Elbit Systems က အဆိုပါကာလအတွင်း လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေနဲ့ စက်သေနတ်တွေ ရောင်းချခဲ့တယ်လို့ ယင်း သတင်းစာက ဖော်ပြပါတယ်။
အဲဒီစစ်လက်နက်တွေကို အစ္စရေးနိုင်ငံ အက်ရှ်ဒေါ့ဆိပ်ကမ်းမှ မြန်မာနိုင်ငံ ရန်ကုန်ဆိပ်ကမ်းသို့ တင်ပို့ခဲ့ တာလို့ အဆိုပါသတင်းစာက ဖော်ပြပါတယ်။
စစ်တပ်က ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ အတိုက်အခံတွေအပေါ် အကြမ်းဖက်ဖြိုခွင်းပြီးနောက် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေနဲ့ စီးပွားရေးအကျပ်အတည်း ဖြစ်ပေါ်ခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းမှုကြောင့် လူထုဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့ပြီး အာဏာသိမ်းတပ်ဖွဲ့ရဲ့လက်ချက်ကြောင့် ပြည်သူ ၄၀၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ပြောကြားချက်အရ သိရပါတယ်။
ကိုးကား – Anadolu
Ref; Israeli defense firms accused of selling advanced weapons to Myanmar