ဧရာဝတီတိုင်းမ်
ကျောက်ဖြူ၊ စက်တင်ဘာလ ၈ ရက်

ရခိုင်မှာ အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးစစ် ဆေးတာတွေလုပ်ဆောင်နေပြီးနောက်ထပ်လည်းအများကြီးပြုလုပ်လာနိုင်တယ်လို့ ရခိုင်အရေးလေ့
လာစောင့်ကြည့်သူတွေနဲ့ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

ကျောက်ဖြူမြို့နယ်၊ဂုံးချွိန်တိုက်နယ်၊လိပ်ခမော်အုပ်စု၊ဂေါ်တူရွာမှ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) ရဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ကိုဟန်လင်းကို စက်တင်ဘာလ ၇ ရက်၊ဒီနေ့နေ့လည်ကအာဏာသိ မ်းစစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။

”အပစ်ရပ်ပေမယ့် AAနဲ့ဆက်စပ်သူတွေကို စုံစမ်းထောက်လှမ်းနေတာတွေဆက်တိုက်ရှိတယ်။စာရင်းတွေလုပ်ထားတယ်။သူတို့တွေကို လာမယ့်အောက် တိုဘာလကနေစပြီး ဖမ်းဆီးမှုတွေပြုလုပ်သွားမယ်လို့ ပြောနေကြတယ်။”လို့ရခိုင်အရေးလေ့လာစောင့်ကြည့်နေသူတစ်ဦးက ပြောပါတယ်။

အဲဒီလိုရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)ရဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖမ်းဆီးသွားတာမို့ စစ်ကောင်စီတပ်မှ အရာရှိတတစ်ဦးနဲ့ရဲတပ်ဖွဲ့ဝင်နှစ်ဦးကိုလည်း ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင်တွေက စက်တင် ဘာလ ၇ ရက်၊ဒီနေ့ ကျောက်ဖြူမြို့နယ်၊ဇင်ချောင်းရွာနဲ့တခြားနေရာတစ်ခုက ဖမ်းဆီးသွားခဲ့တာလို့ ကျောက်ဖြူမြို့ခံတွေက ဆိုကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ပြီးခဲ့တဲ့သြဂုတ်လ ၃၁ ရက်နေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့အစည်းအ ဝေးမှာ ULA/AAကိုကူညီအားပေးနေသူတွေကိုဖမ်း ဆီးသွားဖို့ပြောဆိုခဲ့တာတွေရှိတယ်လို့ ဆိုကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ပြီးခဲ့တဲ့သြဂုတ်လ ၁၅ ရက်နေ့ကလည်း ရခိုင်အမျိုးသမီးများကွန်ရက်ဥက္က ဋ္ဌ ဒေါ်ညိုကိုသူမတို့ရုံးလာ​ဖမ်းဆီးသွားပြီးနိုင်ငံဆူပူအောင်လှုံဆော်မှုပုဒ်မ ၅၀၅( ခ )နဲ့ အမှုဖွင့်တရာစွဲဆိုထားပါတယ်။

အဲဒီအပြင်ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂခေါင်း ဆောင်တွေကိုလည်း အမှုဖွင့်တရားစွဲမယ်ဆိုပြီးဖမ်းဝရမ်းထုတ်ထားပါတယ်။

”ဒီလထဲမှာတောင် အပြန်အလှန်ဖမ်းဆီးမှုတွေပို များလာနိုင်ပါတယ်။ဒီရက်ပိုင်းထွက်လာတဲ့အေအေဗိုလ် ချုပ်ရုပ်သံမိန်းခွန်းကြောင့်လည်းပါနိုင်ပါတယ်။နှစ်ဖက်တင်းမာမှုတွေပြန်လည်စတင်နေပြီလို့ဆိုရပါမယ်။”လို့ ရခိုင်ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီအပြင်စက်တင်ဘာလ ၆ ရက်နေ့ကလည်း ရခိုင်ကနေ ရန်ကုန်ကို အလုပ်သွားလုပ်တဲ့ အသက် ၁၉ နှစ်အရွယ် လူငယ်နှစ်နှစ်ဦးကို ရက္ခိုင့်တပ်တော်(AA)
တပ်ဖွဲ့ဝင်တွေဆိုပြီး စစ်ကောင်စီကဖမ်းဆီးထားပါတယ်။

ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့စစ်ကောင်စီတပ်တို့ကြား နှစ်ဘက်အပစ်ရပ်ထားပေမယ့် စစ်ကောင်စီတပ်က စစ်အင်အားတိုးတာ၊စခန်းအသစ်တွေတည် ဆောက်တာ၊စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးရေးပိုမိုတင်းကြပ်တာတွေပြုလုပ်နေတယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

ရခိုင်မှာ နှစ်ဘက်အပစ်ရပ်လိုက်ပြီးနောက် အာဏာ သိမ်းစစ်ခေါင်းဆောင်တွေဟာ ရခိုင်သို့မကြာခဏလာရောက်စည်းရုံးရေးဆင်းပြီးစစ်ရေးပြင်ဆင်တာတွေပြုလုပ်နေတယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

ရက္ခိုင့်တပ်တော်(AA)စစ်ဦးစီးချုပ်လည်း အေအေတပ်ဖွဲ့ဝင်တွေကို မိန်းခွန်းပြောနေတဲ့ရုပ်သံတစ်ခုစက်တင်ဘာလ ၆ ရက်၊မနေ့ကလူမှုကွန်ရက်မှာ
ပြန့်နှံ့လာခဲ့ပါတယ်။

(ဓာတ်ပုံ-ရခိုင်မှာတွေ့ရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် တွေ /စစ်ကောင်စီ)

(ယခုသတင်းအား Ayeyarwaddy Times သတင်းဌာန၏မိတ်ဖက်ဖြစ်သည့် Border News Agency မှသတင်းကို ဖော်ပြခြင်း ဖြစ်ပါသည်။)

#Ayeyarwaddy_Times