ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၇ ရက်

ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့ မြောက်ကိုရီးယားက ရုရှားသို့ စစ်လက်နက်တွေ ထောက်ပံ့မယ်ဆိုရင် တန် ဖိုးကြီးကြီး ပေးဆပ်ရမယ်လို့ အိမ်ဖြူတော် အကြီးတန်း တာဝန်ရှိသူတစ်ဉီးက သတိပေးလိုက်ပါတယ်။

ရုရှားနဲ့မြောက်ကိုရီးယားကြား စစ်လက်နက်ထောက်ပံ့ရေး စေ့စပ်ညှိနှိုင်းမှုတွေ ရှေ့ဆက် လုပ်ဆောင်နေ တယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလေဗန်က စက်တင်ဘာလ ၅ ရက်မှာ သတင်း ထောက်တွေကို ပြောကြားခဲ့ပါတယ်။

ရုရှားသို့ စစ်လက်နက်တွေ ထောက်ပံ့တာဟာ မြောက်ကိုရီးယားနိုင်ငံအပေါ် ကောင်းကျိုး ထင်ဟပ်စေမှာ မဟုတ်ဘဲ ထိုလုပ်ရပ်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှာ တန်ဖိုးကြီးကြီး ပေးဆပ်ရမယ်လို့ သူက ဆိုပါတယ်။

မြောက်ကိုရီးယားမှ ရုရှားသို့ ခဲယမ်းမီးကျောက်တွေ သို့မဟုတ် အခြားစစ်လက်နက်ကိရိယာတွေ ပမာဏ များများ တင်ပို့ခဲ့တာကို အမေရိကန်နိုင်ငံက လက်ရှိအချိန်ထိ အတည်မပြုနိုင်သေးဘူးလို့ သူက ဆက်ပြောပါ တယ်။

ယူကရိန်းပြည်သူတွေကို သတ်ဖြတ်ရာမှာ အသုံးပြုနေတဲ့ စစ်လက်နက်တွေ ရုရှားနိုင်ငံသို့ မထောက်ပံ့ဘူး ဆိုတဲ့ ကတိကဝတ်ကို စောင့်ထိန်းလိုက်နာဖို့ အမေရိကန်နိုင်ငံက မြောက်ကိုရီးယားကို ဆက်လက်တောင်းဆိုမယ် လို့ သူက ပြောပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ စစ်လက်နက်တွေ ထောက်ပံ့ရေးကိစ္စ ဆွေးနွေးဖို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ဟာ ဒီလအတွင်း ရုရှားနိုင်ငံသို့ သွားရောက်ဖို့ စီစဉ်နေတယ်လို့ အမေရိကန်မီဒီယာတွေ က ဖော်ပြခဲ့ပါတယ်။

ကိုးကား – NHK
Ref; US says N.Korea will pay a price if it supplies weapons to Russia

#Ayeyarwaddy_Times