
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၆ ရက်
အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံရှိ သက်ဆိုင်သူတွေနဲ့ စကားပြောဆိုပြီးနောက် အာဏာသိမ်းစစ်ကောင်စီ ကို ပြည်သူလူထုက မယုံကြည်ဘူးဆိုတာ တွေ့ရှိခဲ့တယ်လို့ သမ္မတ ဂျိုကိုဝီဒိုဒိုက ဝန်ခံလိုက်ပါတယ်။
၂၀၂၃ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဌအနေနဲ့ အင်ဒိုနီးရှားနိုင်ငံက အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့ မြန်မာနိုင်ငံရှိ သက်ဆိုင်သူ ၇၀ ကျော်နဲ့ ထိတွေ့ဆက်ဆံမှု ၁၄၅ ကြိမ်ကျော် ပြုလုပ်ခဲ့တယ်လို့ သူက ဆိုပါတယ်။
စစ်ကောင်စီမှလွဲ၍ အခြားသက်ဆိုင်သူတွေကြား ယုံကြည်မှုတည်ဆောက်နေတာကို အင်ဒိုနီးရှားနိုင်ငံက တွေ့ရှိခဲ့တယ်လို့ ဂျကာတာမြို့တော်မှာကျင်းပတဲ့ ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ အဖွင့်မိန့်ခွန်း တစ်ခုအတွင်း ဂျိုကိုဝီက ထည့်သွင်းပြောခဲ့ပါတယ်။
မြန်မာနိုင်ငံကဉီးဆောင်တဲ့ အကျပ်အတည်းအဖြေကို လက်တွေ့ဖော်ဆောင်မှုတစ်ခုအဖြစ် အားလုံးပါဝင် သော တွေ့ဆုံဆွေးနွေးမှုတစ်ခု ကျင်းပရေး စစ်ကောင်စီကို ဆက်လက်တွန်းအားပေးဖို့ ဂျိုကိုဝီဒိုဒိုက အာဆီယံအ ဖွဲ့ကို တောင်းဆိုလိုက်ပါတယ်။
သက်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အကြံပြုချက်အရ အာဆီယံခေါင်းဆောင်တွေဟာ ယခုထိပ်သီး ဆွေးနွေးပွဲမှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်မှုကို ပြန်လည်သုံးသပ်ဖို့ စီစဉ်နေပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ရေး အာဏာသိမ်းစစ်ကောင်စီကို အပါအဝင် မြန်မာ နိုင်ငံရှိ သက်ဆိုင်သူတွေကို တွန်းအားပေးဖို့ သာမန်ထက်ပိုတဲ့အစီအမံတွေ လိုအပ်မယ်လို့ သူက ထောက်ပြပါ တယ်။
“မြန်မာ့အရေးဖြေရှင်းရာမှာ ၂၀၂၁ ခုနှစ်က ဂျကာတာမြို့တော်မှာ အာဆီယံခေါင်းဆောင်တွေ သဘောတူ ခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ဟာ အာဆီယံအဖွဲ့ရဲ့ အဓိကလမ်းညွှန်ချက်တွေအဖြစ် ဆက်ရှိနေမယ်” လို့ သူက ပြောပါတယ်။
ကိုးကား – Antara News
Ref; Public distrust towards the Myanmar military junta: Widodo