
ဧရာ၀တီတိုင်းမ်
စက်တင်ဘာလ ၆ ရက်
ကရင်ပြည်နယ်ရှိ မြ၀တီခရိုင်ရဲရုံးကို ဒရုန်းဖြင့်ဗုံးသီးချ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်က အရာရှိနှင့် ရဲ၀န် ထမ်းများထိခိုက်သေဆုံးမှုမှာ ကိုး ဦးအထိရှိလာပြီဖြစ်ကြောင်း သိရသည်။
စက်တင်ဘာလ ၃ ရက်နေ့ ည ၇ နာရီ၀န်းကျင်တွင်ဖြစ် ပွားခဲ့သည့် တိုက်ခိုက်ခံရမှုတွင် ယာယီတပ်ရင်းမှူးနှင့် ခရိုင်ရဲမှူးအပါအ၀င် ငါးဦးသေဆုံးခဲ့ပြီး ယမန်နေ့ စက် တင်ဘာ ၅ ရက်နေ့တွင် ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည့် ရဲတပ်ဖွဲ့၀င် လေး ဦးထပ်မံသေဆုံးခဲ့ခြင်းကြောင့် စုစုပေါင်း ကိုး ဦးအထိရှိကြောင်း သိရသည်။
“ဒုရဲမှူးကြီးကတော့ ဆက်ကုနေရတုန်းပဲ။ မြ၀တီကနေမဲဆောက်ကို ပြောင်းပြီးကုသခဲ့တဲ့ ရဲတွေထဲက လေး ယောက်ထပ်သေတယ်”ဟု ဆေးရုံနှင့်နီးစပ်သူထံက သိရသည်။
ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် ဒုရဲမှူးမျိုး၀င်း၊ ဒုရဲမှူးထွန်းထွန်းနိုင်၊ ဒုရဲအုပ်သက်ခိုင်၊ ရဲဒုတပ် ကြပ် မျိုးမင်းသော်တို့မှာ ထပ်မံသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရဲတပ်ဖွဲ့၀င် ခုနှစ်ဦးသည် မဲဆောက်ဆေးရုံတွင် ဆက်လက်ကုသမှုခံနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က အဆိုပါတိုက်ခိုက်ခံရမှုကြောင့် လက်ခတ် တောင်ကို စက်တင်ဘာ ၄ ရက်နေ့ကစတင်ပြီးလက် နက်ကြီးများ၊ လေယာဉ်များဖြင့် ဆက်တိုက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့ကြောင်း ကော်ဘရာအဖွဲ့ထံက သိရသည်။
#ကရင် #မြ၀တီ #ခရိုင်ရဲရုံး #ဗုံး #တိုက်ခိုက်ခံရ #၉ ဦးသေဆုံး #Ayeyarwaddy_Times