နွေဦးမောင် /ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၆ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့ပေါ်ရှိ ကုန်ခြောက်ဆိုင် ပိုင်ရှင် နှစ်ဦးကို စက်တင်ဘာလ (၃)ရက်နေညပိုင်းက ဖမ်းဆီးခဲ့ပြီးနောက် စားအုန်းဆီကို စစ်ကောင်စီက သတ်မှတ်ပေးထားသည့် ဈေးနှုန်းဖြင့်ရောင်းရန် ဖိအားပေး ခိုင်စေခဲ့ကြောင်း သိရသည်။

အဖမ်းခံရသူ နှစ်ဦးသည် မကြာပေါ့ကုန်ခြောက်ဆိုင် နှင့် မွန်းလိုက်ကုန်ခြောက်ဆိုင်ပိုင်ရှင်တို့ ဖြစ်ပြီး မအူပင်မြို့တွင် စက်တင်ဘာ ၂ရက်နေ့ကတည်းက စစ်ကောင်စီ၏ သတ်မှတ်နှုန်းဖြစ်သည့် တစ်ပိသာလျင် ၄၅၀၀ကျပ် ဖြင့် ရောင်းချပေးသည်ဟု ဒေသခံများက ဧရာဝတီတိုင်းမ်ကိုပြောသည်။

“ မအူပင်မြို့မှာ အဓိက ကုန်ခြောက်တွေ ဆီ ဆန် ဆားနဲ့ အခြားစားသောက်ကုန်ရောင်းနေတဲ့ ဆိုင်ကြီးတွေရှိတယ် အကုန်လုံးလည်း သူ့ဟာနဲ့သူတော့ရောင်းပေးနေတာတွေ့ရပြီး သူတို့သတ်မှတ်ဈေးတွေနဲ့ လူတစ်ဦးကို ငါးဆယ်ကျပ်သားနှုန်း ရောင်းချပေးတာတွေရှိနေပါတဘ်။ သူတို့ကို ဘာကြောင့်ဖမ်းဆီးသွားလည်း ဆိုတာမသိရသေးပဲ ခုထိပြန်လွှတ်ပေးတာ မရှိသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းအတွင်း စားဆီနှင့် ဆန်တို့ကို စစ်ကောင်စီက သတ်မှတ်ထားသည့် ဈေးနှုန်းဖြင့်သာ ရောင်းချရမှာဖြစ်ပြီး ဆန်စက်များကိုလည်း ဆန်တပြည် လျှင် (၂၅၀၀)ကျပ်နှုန်းဖြင့်ရောင်းချပေးရန် စစ်ကောင်စီက စေခိုင်းထားကြောင်းသိရသည်။

#မအူပင်မြို့ #ကုန်ခြောက်ဆိုင် #ပိုင်ရှင်နှစ်ဦးကို #ဖမ်းဆီး #စားအုန်းဆီ #သတ်မှတ်ဈေး #ရောင်းခိုင်း

#Ayeyarwaddy_Times