ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၆ ရက်

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်တွင် စစ်ကောင်စီတပ်က စက်တင်ဘာလ ၅ ရက်နေ့၌ ဒေသခံလူနေအိမ် ၂ လုံးအား ချိပ်ပိတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လဲခုံလေးကျေးရွာနှင့် နတ်ကုန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့များက နေအိမ် ၂ လုံးကို စက်တင်ဘာလ ၅ ရက်နေ့ တစ်ရက်အတွင်းလိုက်လံချိပ်ပိတ်ခဲ့ကြောင်း ဒေသခံများမှပြောသည်။

” PDF တွေကို လက်နက်ထောက်ပံ့နေတယ်ဆိုပြီး စွတ်စွဲခံရတာ၊ လက်လုပ်လက်စားတွေပါ လူတွေလဲ အဖမ်းခံထားရသေးတယ် အိမ်ကိုပါ လာပိတ်တာ”ဟုဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

မတရားအမှုဆင်ဖမ်းဆီးခံရပြီး လက်ရှိတွင်အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ နှင့် တရားစွဲဆိုထားက နေအိမ်(၂)လုံးကိုပါ ချိပ်ပိတ်ခံခဲ့ရပြီး လက်ရှိနေထိုင်နေသော မိသားစုဝင်တွေအားလုံးကို ဖယ်ရှားခဲ့ရကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။

မြန်အောင်မြို့နယ်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြပွဲများတွင် ပါ၀င်ခဲ့သဖြင့် တိမ်းရှောင်နေရသည့် ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ကို ကူညီသည်ဟုစွတ်စွဲထားသူများ၏နေအိမ် စုစုပေါင်း ၃၀ ကျော်ကိုစစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းထားကြောင်းဒေသခံများထံမှ သိရှိရသည်။

#မြန်အောင်မြို့ #ချိပ်ပိတ် #လူနေအိမ် #စစ်ကောင်စီတပ် #Ayeyarwaddy_Times