
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၆ ရက်
အာဏာသိမ်းစစ်ကောင်စီနဲ့ ဘယ်လို ထိတွေ့ဆက်ဆံရမယ်ဆိုတာ အာဆီယံအဖွဲ့က အဖြေရှာမရဖြစ်နေ စဉ် မြန်မာနိုင်ငံအစား ၂၀၂၆ အာဆီယံ အလှည့်ကျဥက္ကဌတာဝန်ယူဖို့ ဖိလစ်ပိုင်နိုင်ငံက အဆင်သင့်ရှိတယ်လို့ သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက ပြောကြားလိုက်ပါတယ်။
“ဖိလစ်ပိုင်နိုင်ငံက ၂၀၂၆ ခုနှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဌ တာဝန်ကိုယူဖို့ အဆင်သင့်ရှိတယ်ဆို တာ ကျွန်တော် ကြေညာပါတယ်” လို့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်မှာကျင်းပတဲ့ အာဆီယံထိပ်သီးဆွေး နွေးပွဲမှာ ဖာဒီနန်မားကို့စ်က ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံက မြန်မာနိုင်ငံမှ အာဆီယံ အလှည့်ကျဥက္ကဌတာဝန်ကို ဘာကြောင့် လွှဲပြောင်းယူတယ်ဆို တာကိုတော့ ဖာဒီနန်မားကို့စ်က ထုတ်ဖော်မပြောပါဘူး။
အာဆီယံခေါင်းဆောင်တွေက ဖိလစ်ပိုင်နိုင်ငံရဲ့ အာဆီယံ အလှည့်ကျဥက္ကဌတာဝန်ယူဖို့ ကမ်းလှမ်းချက် ကို သဘောတူခဲ့တာကြောင့် မြန်မာ့ပဋိပက္ခက အာဆီယံအဖွဲ့ရဲအစီအစဉ်ကို မထိခိုက်စေဘူးလို့ ထိပ်သီးဆွေးနွေး ပွဲ တက်ရောက်နေတဲ့ အာဆီယံသံတမန်နှစ်ဉီးက ပြောပါတယ်။
“ဖိလစ်ပိုင်နိုင်ငံက ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဌ တာဝန်လွှဲပြောင်းယူမှာကို အာဆီယံခေါင်း ဆောင်တွေက ကန့်ကွက်ချက်မရှိ ကြေညာခဲ့ပါတယ်” လို့ အမည်မဖော်လိုတဲ့ သံတမန်တစ်ဉီးက ပြောပါတယ်။
၂၀၂၆ ခုနှစ် အလှည့်ကျဥက္ကဌတာဝန်ကို တာဝန်ယူလိုခြင်း ရှိ မရှိ အာဆီယံအဖွဲ့က ဖိလစ်ပိုင်နိုင်ငံထံ စာရေးသားခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံကလည်း လက်ခံခဲ့တယ်လို့ အဆိုပါသံတမန်က ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်မှု တိုးတက်မှုအပေါ် အာဆီယံ ခေါင်းဆောင်တွေက အကဲဖြတ်ပြီးနောက် ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဌတာဝန်ကို ဖိလစ်ပိုင်နိုင်ငံက လွှဲပြောင်းယူဖို့ သဘောတူခဲ့တာလို့ အမည်မဖော်လိုတဲ့ ဒုတိယမြောက် သံတမန်တစ်ဉီးက ပြောပါတယ်။
လာအိုနိုင်ငံက ၂၀၂၄ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဌတာဝန်ယူမှာဖြစ်ပြီး မလေးရှားနိုင်ငံက ၂၀၂၅ ခုနှစ် အတွက် တာဝန်ယူမှာဖြစ်ပါတယ်။
ကိုးကား – Reuters
Ref; Philippines says ‘ready’ to chair ASEAN in 2026 instead of junta-ruled Myanmar