BNA(သတင်း)
စစ်တွေ၊စက်တင်ဘာလ ၆ ရက်

ရခိုင်က လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးဟာ သူ့ရဲ့လုပ်ပိုင်ခွင့်အာဏာကိုအ သုံးချပြီးကိုယ်ကျိုးရှာစီးပွားရေးလုပ်နေတယ်လို့ ရခိုင်ကလုပ်ငန်းရှင်တွေ၊စီး ပွားရေးသမားတွေနဲ့ရခိုင်ပြည်သူတွေက အတည်ပြုပြောကြပါတယ်။

ရခိုင်တစ်ပြည်လုံးသို့တင်သွင်းမယ့်ပစ္စည်းအားလုံးအတွက် နယ်လုံခွင့်ပြုချက်ရမှတင်သွင်းရသလို အဲဒီလိုရဖို့အတွက်လည်းဆယ်ရက်ထိစောင့်ရတယ်လို့ ဆိုကြပါတယ်။

အဲဒီအပြင် အဲဒီနယ်လုံခွင့်ပြုချက်လက်မှတ်ရဖို့အတွက်လည်းအနည်းဆုံးငါးသောင်းကျပ်ကနေတစ်သိန်းထိပေးနေကြရတယ်လို့ အတည်ပြုပြောကြပါတယ်။

”ပြည်နယ်ရုံးမှာသွားတင်ရင်အနည်းဆုံးတပတ်ကြာပါတယ်။ပိုက်ဆံလည်းပေးရသလိုလိုသလောက်၊စာရင်းတင်သလောက်တင်သွင်းခွင့်မရပါဘူး။ဒါပေမယ့်ပိုက်ဆံများများပေးရင်တော့ရပါတယ်။ဒါကသူ့ရဲ့လုပ်ပိုင်ခွင့်အာဏာကိုအသုံးချပြီးကိုယ်ကျိုးစီးပွားရှာနေတာပါ။”လို့ ရခိုင်မှစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

အဲဒီလိုနယ်လုံခွင့်ပြုချက်လက်မှတ်ကနေ တစ်ရက်ကိုသိန်းရာချီရနေသလို တချို့ကန့်သတ်ကုန်ပစ္စည်းတွေအတွက်ဆိုရင်သိန်းဆယ်ကဏာန်ထိပေးနေကြရတာလို့ အတည်ပြုပြောကြပါတယ်။

ရခိုင်မှာရက္ခိုင့်တပ်တော်(AA)နဲ့အာဏာသိမ်းစစ်တပ်တို့ကြား နှစ်ဘက်နား လည်မှုနဲ့အပစ်ရပ်ထားပေမယ့် စစ်ကောင်စီက စစ်ဆေးတားမြစ်တာတွေပိုမိုပြုလုပ်နေတယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

အဲဒီလိုခွင့်ပြုချက်တာရတာကြာသလိုပိုက်ဆံတွေပေးနေရသလိုကုန်းပစ္စည်းတွေကိုလိုသလောက်တင်သွင်းခွင့်မရဘူးလို့လည်း ဆိုကြပါတယ်။

အဲဒါကြောင့်ကုန်ပစ္စည်းရှားပါးမှုနဲ့ကုန်စျေးနှုန်းမြှင့်တက်မှုဒဏ်တွေကို ရခိုင်ပြည်သူလူထုတစ်ရပ်လုံးခံစားကြုံတွေ့နေကြရတယ်လို့လည်း ဆိုကြပါတယ်။

”ကုန်တခေါက်သယ်ဖို့အတွက် ခွင့်ပြုချက်ရဖို့ဆိုရင်ဆယ်ရက်ထိစောင့်ရတယ်။ဆိုတော့ကုန်စည်လည်ပတ်မှုတွေ နှေးကွေးလာရတယ်။ပြီးတော့ များနေတဲ့ကုန်ပစ္စည်းပမာဏကို လျော့ချဖို့ခိုင်းတာတွေရှိတော့ ။လုံလောက်တဲ့ ကုန်ပ စ္စည်းတွေကို သယ်ယူလာခွင့်မရှိဘူး။ကန့်သတ်ပိတ်ဆို့ထားတာ။”လို့ ရခိုင်မှလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ရခိုင်သို့ကုန်ပစ္စည်းတင်သွင်းတာတွေကို စစ်အာဏာသိမ်းပြီးနောက်စစ်ဆေးတင်းကြပ်တာတွေပိုမိုပြု လုပ်လာခဲ့တာလို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

အဲဒီအပြင်မိုခါမုန်တိုင်းအလွန်မှာတော့အရင်စစ်ဆေးတင်းကြပ်မှုတွေထက်အဆိုးဆုံးအခြေအနေဖြစ်လာသလို အဆိုးဝါးဆုံးတားမြစ်ကန့်သတ်တာတွေကိုပါပြုလုပ်နေတာလို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

အဲဒီလိုကိစ္စတွေကို နှစ်ဘက်နားလည်မှုနဲ့အပစ်ရပ်ထားတဲ့ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(AA)မှာ ဆွေးနွေးဖြေရှင်းပေးရမယ့်တာဝန်ရှိနေတယ်လို့လည်း ရက္ခိုင့်ပြည်သူတွေက ဆိုကြပါတယ်။

(ဓာတ်ပုံ-လက်မှတ်တချက်ထိုးရင်သောင်း၊သိန်းရနေတဲ့နယ်လုံဝန်ကြီးလက်မှတ်ပါခွင့်ပြုချက်တစ်ခု/BNA)

(ယခုသတင်းအား Ayeyarwaddy Times သတင်းဌာန၏မိတ်ဖက်ဖြစ်သည့် Border News Agency မှသတင်းကို ဖော်ပြခြင်း ဖြစ်ပါသည်။)

#Ayeyarwaddy_Times