ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၆ ရက်

သမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံကာ ယူကရိန်းစစ်ပွဲအတွက် စစ်လက်နက်တွေ ထောက်ပံ့နိုင်ရေး ဆွေး နွေးဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ဒီလအတွင်း ရုရှားနိုင်ငံသို့သွားရောက်ဖို့ စီစဉ်နေတယ်လို့ သိ ရပါတယ်။

ရှားရှားပါးပါး ပြည်ပခရီးစဉ်တစ်ခုအတွင်း ကင်ဂျုံအန်ဟာ ကျည်ကာရထားတစ်စင်းနဲ့ ပြုံယမ်းမြို့တော်မှ ရုရှားနိုင်ငံ ပစိဖိတ်ကမ်းခြေရှိ ဗလာဒီဗော့စတော့မြို့သို့ သွားရောက်ကာ သမ္မတ ပူတင်နဲ့ တွေ့ဆုံမယ်လို့ နယူး ယောက်တိုင်းမ်သတင်းစာက အမေရိကန်နဲ့ မဟာမိတ်သတင်းရင်းမြစ်တွေကို ကိုးကားပြီး မနေ့က ဖော်ပြခဲ့ပါ တယ်။

မြောက်ကိုရီးယားနဲ့ သိပ်မဝေးတဲ့ ဆိပ်ကမ်းမြို့တစ်ခုဖြစ်တဲ့ ဗလာဒီဗော့စတော့မြို့မှာရှိနေစဉ် မော်စကိုရဲ့ ဂြိုဟ်တုနဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတည်ဆောက်ရေး ခေတ်မီနည်းပညာမျှဝေမှု အလဲအလှယ်အ နေနဲ့ ပြုံယမ်းက ရုရှားသို့ အမြောက်ကျည်တွေ၊ တင့်ကားဖျက်ဒုံးကျည်တွေ ပေးပို့ဖို့ကိစ္စကို ခေါင်းဆောင်နှစ်ဉီးက ဆွေးနွေးမှာဖြစ်ပါတယ်။

မြောက်ကိုရီးယားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ဖို့ ဆွေးနွေးနေတယ်လို့ ရုရှားနိုင်ငံက ပြောကြား ပြီးနောက် ကင်ဂျုံအန်ရဲ့ ရုရှားခရီးစဉ်သတင်း ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဇူလိုင်လအတွင်း ပြုံယမ်းမြို့တော်သို့ သွားရောက်ခဲ့တဲ့ ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂျီရှိူအီဂူက တ ရုတ်နဲ့အတူ ၃ နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ဖို့ အဆိုပြုခဲ့တာလို့ တောင်ကိုရီးယားသတင်းဌာန Yonhap က ထောက်လှမ်းရေးဌာနကို ကိုးကားပြီး ဖော်ပြပါတယ်။

စစ်အေးကာလ မဟာမိတ်တစ်နိုင်ငံဖြစ်တဲ့အပြင် ၂၀၂၂ ယူကရိန်းကျူးကျော်စစ်ကို ထောက်ခံတဲ့တိုင်း ပြည်တစ်ခုဖြစ်တဲ့ မြောက်ကိုရီးယားနဲ့ ရုရှားနိုင်ငံက နှစ်ဉီးနှစ်ဖက် လေးစားသမှုရှိသောဆက်ဆံရေး တိုးမြှင့်မယ် လို့ ရုရှားသမ္မတရုံးက ပြီးခဲ့တဲ့အပတ်အတွင်း ပြောကြားခဲ့ပါတယ်။

တရုတ်၊ ရုရှားတို့နဲ့ပြုလုပ်မယ့် ၃ နိုင်ငံ စစ်ရေးလေ့ကျင့်မှုမှာ မြောက်ကိုရီးယားနိုင်ငံ ပါဝင်မယ်ဆိုတာကို သတိမထားမိပေမယ့် ဒေသတွင်း အမေရိကန်ဉီးဆောင်တဲ့ စစ်ရေးလေ့ကျင့်မှုတွေကြောင့် သင့်တော်တဲ့ စစ်ရေး လေ့ကျင့်မှုဖြစ်လာမယ်လို့ မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အလက်ဇန္ဒားမတ်ဆီဂိုရာက Tass သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။

ရုရှားနဲ့မြောက်ကိုရီးယားဟာ မကြာသေးမီက နီးကပ်သော စစ်ဘက်ဆက်ဆံရေးရှိကြောင်း ကြေညာခဲ့ ပေမယ့် ရုရှားသို့ စစ်လက်နက်တွေ ထောက်ပံ့ပေးတာမရှိဘူးလို့ မြောက်ကိုရီးယားက ငြင်းဆန်ခဲ့ပါတယ်။

ကိုးကား – CNA
Ref; Kim Jong Un to visit Putin in Russia for talks on possible weapons supply

#Ayeyarwaddy_Times