ဧရာ၀တီတိုင်းမ်

စက်တင်ဘာ ၅ ရက်

ကရင်နီပြည်နယ်တွင် ဩဂုတ်အတွင်း ဖြစ်ပွားခဲ့သည့်တိုက်ပွဲများတွင် စစ်ကောင်စီ တပ်ဘက်က ဒုဗိုလ်မှူးအဆင့်ရှိ သူအပါအ၀င် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁၀ ခန့် သေဆုံး ခဲ့ကြောင်း KNDF က ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်း ကရင်နီပူးပေါင်းတပ်ဖွဲ့ များနှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲများဖြစ် ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံးပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့သည့်အပြင် လက်နက်ကြီး လက်နက်ငယ်များ အများအပြားလည်း သိမ်းဆည်းရမိကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးကို ထိန်း ချုပ်နိုင်ရန်အတွက် ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်နေ့ကစတင်၍ လမ်းမကြီးဘေးရှိ ကျေးရွာများဖြစ်သည့် ငွေတောင်ရွာသစ်၊ ကဒါးလား၊ ထီးသော်ကူး၊ ဒေါညေးခူ ကျေးရွာများသို့ စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းနှင့် နေ့စဉ်စစ်ကြောင်းထိုး လာသည့်အတွက် ကရင်နီပူးပေါင်းအဖွဲ့များနှင့် အပြင်းအထန်တိုက်ပွဲ ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။

လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ မယ်စဲ့ မြို့နယ်တွေအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင် စီတပ်က ထိခိုက်သေဆုံးမှုများခဲ့ခြင်းကြောင့် လေ ကြောင်းပစ်ကူ ၄၅ ကြိမ်ထိ အသုံးပြုတိုက်ခိုက်ခဲ့သည့်အတွက် နေအိမ် ၃၀ ကျော်၊ ခရစ်ယာန်ဘုရား ကျောင်း တစ်ကျောင်းနှင့် စာသင်ကျောင်း နှစ်ကျောင်း ပျက်စီး ခဲ့ကြောင်း KNDF ထံကသိရသည်။

အဆိုပါတိုက်ပွဲများအတွင်း ကရင်နီပူးပေါင်းတပ်ဖွဲ့များဘက်မှလည်း ရဲဘော် ငါး ဦးကျဆုံးခဲ့ပြီး ကျဆုံးခဲ့သူများကို အာဇာနည်များအဖြစ် မှတ်တမ်းတင်အလေးပြုကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)ကထုတ်ပြန်ထားသည်။

ဓာတ်ပုံ- KNDF

#ကရင်နီ #တိုက်ပွဲ #စစ်ကောင်စီ #၁၁၀ သေဆုံး #KNDF #Ayeyarwaddy_Times