ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၅ ရက်

အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံဥက္ကဌ တာဝန်ယူထားတဲ့ ၉ လတာကာလအတွင်း မြန်မာ့အရေးဖြေရှင်းဖို့ အစွမ်းကုန် ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ပြောကြားလိုက်ပါ တယ်။

“အင်ဒိုနီးရှားနိုင်ငံဟာ ပြီးခဲ့တဲ့ ၉ လတာကာလအတွင်း မြန်မာနိုင်ငံက သက်ဆိုင်သူတွေနဲ့ ထိတွေ့ဆက် ဆံမှု ၁၄၅ ကြိမ်ကျော် ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ အာဆီယံအဖွဲ့ကပြုလုပ်ခဲ့တဲ့ အများဆုံး ထိတွေ့ဆက်ဆံမှုလို့ ကျွန်မ ထင်ပါတယ်” လို့ ရတ်နိုမာဆူဒီက တနင်္လာနေ့က ဂျကာတာမြို့တော်မှာပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေး (AMM) ကို တက်ရောက်ပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ထိတွေ့မှုပြုလုပ်ရာမှာ အင်ဒိုနီးရှားနိုင်ငံက မြန်မာ့အရေး ဖြေရှင်းရာမှာ ဘုံသဘောတူညီချက် ၅ ရပ် (5PC) ကို က အဓိကအကိုးအကားအဖြစ် ရည်ညွှန်းပြောဆိုခဲ့တယ်လို့ သူက ဆိုပါတယ်။

“မြန်မာပဋိပက္ခဖြေရှင်းရာမှာ တာရှည်ခံမှုလိုအပ်တယ်လို့ ကျွန်မတို့ ယူဆပါတယ်” လို့ သူက ထပ် လောင်းပြောဆိုပါတယ်။

ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်မှု ပြန်လည်သုံးသပ်ဖို့လိုအပ်တာကို အကြံပြုနိုင်ဖို့ အာဆီယံ ခေါင်းဆောင်တွေထံ တင်ပြဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက အလေးထားဆွေးနွေးခဲ့တယ်လို့ သိရပါ တယ်။

“ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ရေး တွန်းအားပေးဖို့ ၉ လတာအတွင်း အင်ဒိုနီးရှားနိုင်ငံရဲ့ အ စွမ်းကုန် ကြိုးပမ်းမှုတွေကို အာဆီယံနိုင်ငံတွေက ချီးကျူးခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ဘုံသဘောတူညီချက် ၅ ရပ်ကို ဖော်ဆောင်လိုတဲ့ဆန္ဒ မရှိဘူးလို့ အာဆီယံ နိုင်ငံတွေက အကဲဖြတ်ပါတယ်။

အာဆီယံ အလှည့်ကျဥက္ကဌသက်တမ်းအတွင်း အင်ဒိုနီးရှားနိုင်ငံက အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု တစ်ခုပြုလုပ်နိုင်ဖို့ NUG၊ စစ်ကောင်စီ၊ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေ၊ မြန်မာအရပ်ဘက်အဖွဲ့အစည်း တွေကို ချည်းကပ်ခဲ့တယ်လို့ ရတ်နိုမာဆူဒီက ထောက်ပြခဲ့ပါတယ်။

ကိုးကား – Antara News
Ref; Indonesia conducts intensive engagement with Myanmar: Minister

#Ayeyarwaddy_Times