
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၅ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်တွင် စက်တင်ဘာလကစပြီး မြို့နယ်အတွင်းရှိကျေးရွာများတွင် အမျိုးသား (၇)ဦးနှုန်းဖြင့် စစ်သင်တန်းတက်ရောက်ရန်စ စ်ကောင်စီတပ်မှ လူအင်အားတောင်းခံနေကြောင်း ဒေသခံများထံမှ သိရသည်။
နီးနတ်စင်ငူ၊ ရေကျော်သရက်ပင်လှ၊ အုန်းပင်စု၊ ဇီးကုန်း ၊ကျုံကွဲနှင့် ရေကျော်စသည်ဖြင့်ကျေးရွာ ၂၀ ကျော်ထံ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးအပါအဝင် တပ်သားအချို့နှင့် ရဲများ လာရောက်ကာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ တစ်ရွာလျှင် လူငယ်အမျိုးသား ၇ ဦးနှုန် စစ်သင်တန်းတက်ရောက်ရန်အတွက် စက်တင်ဘာလ ၁ ရက်နေ့ကစပြီးဖိ အားပေး စေခိုင်းလာကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ပြောသည်။
” စစ်သင်တန်းတက်ဖို့ လူအင်အားစုပေးရမယ်ဆိုပြီးဖိ အားပေးလာတာ။ တစ်ရွာကို ယောက်ျားလေး ၇ ယောက်စီအင်အားစုပေးရမယ်ပြောလာတာ။ တကယ်လို့အင်အားမရရင် ရွာထဲကိုလာပြီး ပေါ်တာဆွဲမယ်ဆိုပြီးခြိမ်းခြောက်လာတယ်။ အခြားရွာတွေကိုလည်းအတူတူလုပ်နေတယ်” ဟု
ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ကျေးရွာအတွင်းရှိ ကြံ့ခိုင်ရေးပါတီထောက်ခံသူလူငယ်များကို စာရင်းတင်သွင်းမှုများရှိနေပြီး ကျေးရွာဒေသခံလူငယ်အမျိုးသားများမှာ မြို့ပေါ်နှင့်အခြားဒေသသို့ တိမ်းရှောင်နေရကြောင်း ဒေသခံလူငယ်များထံမှ သိရသည်။
” စာရင်းပေးရမယ်လို့လည်းကြားတော့မပေးပဲနဲ့ လာရှောင်လိုက်ရတယ်။ မရှောင်ရင်လည်း အဆင်မပြေဘူး။ ရွာထဲကကြံ့ဖွံ့ပါတီဝင်တွေတော့စာရင်းပေးကြတယ်” ဟု အုန်းပင်စုကျေးရွာဒေသခံ လူငယ်အမျိုးသားတစ်ဦးကဆိုသည်။
အလားတူ ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်ကစပြီး ငရုပ်ကောင်းမြို့တွင်းရှိ ရပ်ကွက်နေရာအလိုက် ပျုစောထီး(ပြည်သူ့စစ်) သင်တန်းတက်ရောက်ရန် စစ်ကောင်စီတပ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ အင်အား ၆၀ ဦးထက်မနည်း အတင်းအကျပ်စာရင်းကောက်ခံမှုများရှိခဲ့သည်။
#ရေကြည်မြို့နယ် #ပြည်သူ့စစ်သင်တန်း #အမျိုးသားလူငယ်များ #စစ်ကောင်စီတပ် #Ayeyarwaddy_Times