
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၅ ရက်
မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေအပေါ် ပြင်းထန်တဲ့ အရေးယူမှုအစီအမံတွေ ပြုလုပ်ဖို့ မလေးရှားနိုင်ငံက အာ ဆီယံမိတ်ဖက်တွေကို တောင်းဆိုခဲ့ပြီး မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေ ဖန်တီးခဲ့တဲ့ အဟန့်အတားတွေက မြန်မာနိုင်ငံ အတွက် ငြိမ်းချမ်းရေးအစီအစဉ်ကို ပိတ်ပင်ခဲ့တယ်လို့ ပြောပါတယ်။
“မလေးရှားနဲ့ အခြားအဖွဲ့ဝင်နိုင်ငံတွေက စစ်ကောင်စီအပေါ် ပြင်းထန်သော ထိရောက်တဲ့ အရေးယူမှု တွေ မပြုလုပ်ဘဲ ဒီအခြေအနေတွေ ဆက်ဖြစ်ခွင့်မပြုဘူးဆိုတဲ့အမြင် ပြောကြားခဲ့ပါတယ်” လို့ မလေးရှား နိုင်ငံ ခြားရေးဝန်ကြီး ဇမ်ဘာရီအဗ္ဗဒူကဒါက ဂျကာတာမြို့တော်မှာ သတင်းထောက်တွေကို ပြောပါတယ်။
သူ့ရဲ့အမြင်ကို ထုတ်ဖော်ပြောဆိုခဲ့တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့အမည်ကိုတော့ ဇမ်ဘာရီက ထုတ် ဖော်ပြောဆိုခဲ့တာမရှိပါဘူး။
မြန်မာ့အရေး၊ တောင်တရုတ်ပင်လယ်၊ ဒေသတွင်းစီးပွားရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းနဲ့ အခြားကိစ္စရပ်တွေ ဆွေးနွေးဖို့ အာဆီယံခေါင်းဆောင်တွေဟာ ဒီသီတင်းပတ်အတွင်း ဂျကာတာမြို့တော်မှာ တွေ့ဆုံနေကြပါတယ်။
စစ်ကောင်စီဖန်တီးခဲ့တဲ့ အဟန့်အတားတွေကြောင့် အာဆီယံအဖွဲ့ရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ထိထိရောက်ရောက် မဖော်ဆောင်နိုင်ခဲ့ဘူးလို့ ဇမ်ဘာရီက ပြောပါတယ်။
မြန်မာ့အရေးဟာ ကွန်မြူနစ်ဝါဒပျံ့နှံ့လာမှုကို ဆန့်ကျင်ဖို့ ၁၉၆၀ ခုနှစ်များက စစ်အေးကာလအတွင်း တည်ထောင်ခဲ့တဲ့ နိုင်ငံရေးစနစ် မတူကွဲပြားတဲ့ အာဆီယံအဖွဲ့ရဲ့ ထိရောက်မှုနဲ့ စည်းလုံးညီညွတ်မှုကို မေးခွန်း ထုတ်စေခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ တင်းမာမှုတွေလျှော့ချဖို့ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ရမယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်သစ် ဟွမ်မာနက်က ပြောပါတယ်။
မြန်မာငြိမ်းချမ်းရေးအစီအစဉ် ပြန်လည်သုံးသပ်ချက်ကို ဒီသီတင်းပတ်အတွင်း အာဆီယံခေါင်းဆောင် တွေထံ တင်ပြမယ်လို့ ဒီနှစ် အာဆီယံအဖွဲ့ဥက္ကဌအဖြ် အဖွင့်မိန့်ခွန်းမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာ ဆူဒီက ပြောပါတယ်။
“မြန်မာအရေး ငြိမ်းချမ်းသော တာရှည်ခံတဲ့ အဖြေရှာနိုင်မှသာ အာဆီယံအဖွဲ့က အင်ပြည့်အားပြည့် ရှေ့ ဆက်နိုင်မှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
ဒီနှစ် အာဆီယံထိပ်သီးဆွေးနွေးပွဲကို အမေရိကန်သမ္မတ ဂျိူးဘိုင်ဒင် တက်ရောက်မှာမဟုတ်ပေမယ့် ဒုတိ ယသမ္မတ ကာမဲလာဟားရစ် တက်ရောက်မယ်လို့ သိရပါတယ်။
ကိုးကား – Reuters
Ref; Malaysia calls on Asean to take ‘strong measures’ on Myanmar