
ဧရာ၀တီတိုင်းမ်
စက်တင်ဘာလ ၄ ရက်
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် ဖုန်းသင်တန်းကျောင်းက လူငယ် ၁၀ ဦးကျော်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့်စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ဖမ်းဆီးသွားကြောင်းသတင်းရရှိသည်။
စစ်ကောင်စီတပ်သည် ချမ်းမြသာစည်မြို့နယ်အတွင်းကို စက်တင်ဘာလ ၂ ရက် ည ၁၀ နာရီ၀န်းကျင်တွင်စတင်ရောက်ရှိလာပြီး ရပ်ကွက်အတွင်းမွှေနှောက်ကာ ယမန်နေ့စက်တင်ဘာလ ၃ ရက် နံနက် ၁၀ နာရီတွင် ထိုလူငယ် ၁၀ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
“ညဦးပိုင်းကည်းကရောက်လာကြတာ၊ ရပ်ကွက်ထဲကအိမ်တွေကို တံခါးဖွင့်ဆိုပြီး တစ်ညလုံးမွှေနှောက်ကြတာ၊ မိုးလင်းတော့ အဲဒီကလေးတွေကို ကားပေါ်တင်ဖမ်းခေါ်သွားကြတာ။ အရင်လကလည်း မှတ်ပုံတင်တွေကိုလည်းသိမ်းယူသွာကြသေးတယ်” ဟု ချမ်းမြသာစည်မြို့နယ်မှာ နေထိုင်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
အဆိုပါ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ရပ်ကွက်များကို စစ်ကေင်စီတပ်များရှာဖွေမှုမှာ သြဂုတ်လတွင် တစ်ကြိမ် ယခု စက်တက်ဘာလတွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်ရှိပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။
ထို့ပြင် ပြီးခဲ့သည့် သြဂုတ်လတွင်လည်း ချမ်းမြသာစည်မြို့နယ်အတွင်းနေထိုင်သူများ၏ မှတ်ပုံတင်များကိုလည်း စစ်ကောင်စီတပ်သားများက သိမ်းယူသွားပြီး ကျပ်ငွေ ၃၀၀၀၀ ဖြင့်ပြန်လည်ရွေးယူခိုင်းကြောင်း ဒေသခံများကဆက်လက်ပြောသည်။
#ချမ်းမြသာစည် #ဖုန်းသင်တန်းကျောင်း #လူငယ် #၁၀ဦးကျော်ကို #စစ်ကောင်စီတပ်ကဝင်ရောက်ဖမ်းဆီး