ဧရာ၀တီတိုင်းမ်

စက်တင်ဘာလ ၄ ရက်

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိတွင်ရှိသည့် စစ် ကောင်စီတပ်စခန်း ၂ ခုကို ကရင်နီပူးပေါင်းတပ်ဖွဲ့များ က တိုက်ခိုက်သိမ်းပိုက်တာကြောင့် စစ်‌တပ်က ယနေ့ စက်တင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းအထိ လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက် နေကြောင်း သိရသည်။

ကရင်နီဒေသတော် လှန်ရေးတပ်ဖွဲ့များသည် ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့က ဒီးမော့ဆိုမြို့နယ်ရှိ စစ်ကောင် စီတပ်၏ အထိုင်စစ်စခန်းနှစ်ခုကို ၀င်ရောက်တိုက် ခိုက်ခဲ့ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု များရှိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်‌ဆီက သိရသည်။

” ၂ ရက်နေ့မှာ စခန်းသိမ်းတိုက်ခိုက်ခဲ့တာ။ စခန်းသိမ်း ပြီးတာနဲ့ နောက်ရက် ညနေပိုင်းအထိ စစ်ကောင်စီတပ်က ဂျက်လေယာဉ်တွေနဲ့ ဗုံးလာကြဲပြီး လက်နက် ကြီးတွေ နဲ့ တောက်လျှောက်ပစ်နေတာ။ စခန်းနှစ်ခု သိမ်းလိုက်တာမှာ လက်နက် တွေလည်းရထားတယ်။ အရှင်ဖမ်းမိ တာတွေလည်းရှိတယ်။ အလောင်းတွေလည်း မနည်းဘူး” ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ဧရာ၀တီ တိုင်းမ်ကို ပြောသည်။

စခန်းသိမ်းပြီးနောက် စက်တင်ဘာလ ၂ ရက်နေ့နှင့် ၃ ရက်နေ့များတွင် စစ်ကောင်စီ ဘက်က ဂျက်တိုက်လေယာဉ်များဖြင့် တိုက်ပွဲပြင်းထန်သည့် နေရာများသို့ လှည့်ပတ်၍ ဗုံးကြဲချခဲ့ကြောင်း သိရသည်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများနှင့် စခန်းနေရာတို့ကိုမူ ဒေသကာကွယ်ရေး တပ်ဖွဲ့များ၏ နယ် မြေလုံခြုံရေးကြောင့် သီးခြားထုတ်ပြန်သွားမည်ဖြစ်ကြောင်း စစ်ရေး သတင်းရင်းမြစ်ထံက သိရသည်။

အထိနာနေသည့် စစ်ကောင်စီတပ်သည် ဒီးမော့ဆိုမြို့နယ်တွင် ယနေ့ နံနက်ပိုင်းအထိ ဂျက်တိုက်လေယာဉ်များဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့၀င်များထံက သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီထံကသိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ

#ကရင်နီ #ဒီးမော့ဆို #စစ်ကောင်စီတပ်စခန်း #သိမ်းပိုက်ခံရ #လေယာဉ်ဗုံးကြဲ #Ayeyarwaddy_Times