
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၄ ရက်
တိုင်းပြည်ကို ကျူးကျော်လာမယ့် ပြိုင်ဘက်တွေရဲ့ အကြံအစည်တွေကို တားဆီးနိုင်မယ့် တိုက်ပွဲဝင်ရေး အသင့်ရှိဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က စစ်တပ်ကို ညွှန်ကြားလိုက်တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။
အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်က မြောက်ကိုရီးယားရဲ့ နျူကလီးယားခြိမ်းခြောက်မှုတွေကို တန် ပြန်မယ့် ၃ နိုင်ငံ ရေတပ်ဆိုင်ရာလေ့ကျင့်မှုတစ်ရပ် ပြုလုပ်စဉ် မြောက်ကိုရီးယားခေါင်းဆောင် အခုလို တိုက်ပွဲဝင် ရေး အသင့်ပြင်ဆင်ထားဖို့ စစ်တပ်ကို ညွှန်ကြားခဲ့တာပါ။
အမေရိကန်နဲ့ မဟာမိတ်တွေက ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေဟာ ခုခံကာကွယ်ဖို့ဖြစ်တယ်လို့ ပြောဆိုပေ မယ့် အမေရိကန်ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုမျိုးဟာ ကျူးကျော်တိုက်ခိုက်ဖို့ အစမ်းလေ့ကျင့်မှုအဖြစ် မြောက်ကိုရီး ယားက ရှုမြင်ပါတယ်။
ကင်ဂျုံအန်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ တောင်ကိုရီးယားသမ္မတ ယွန်ဆတ်ခ်ယိုနဲ့ ဂျပန်ဝန်ကြီး ချုပ် ဖူမီယုကီရှီဒါတို့ကို ၃ နိုင်ငံရဲ့ ဂိုဏ်းခေါင်းဆောင်တွေလို့ သုံးနှုန်းခေါ်ဆိုခဲ့ပါတယ်။
အမေရိကန်ဉီးဆောင်တဲ့ ရန်သူတွေကြောင့် ကိုရီးယားကျွန်းဆွယ် ရေပြင်ပိုင်နက်ဟာ နျူကလီးယားစစ်ပွဲ ဖြစ်လာနိုင်တယ်လို့ မြောက်ကိုရီးယားရေတပ်နေ့မှာ ကင်ဂျုံအန်က မိန့်ခွန်းတစ်ခုအတွင်း ထည့်သွင်းပြောခဲ့ပါ တယ်။
အမေရိကန်နိုင်ငံဟာ မဟာမိတ်တွေနဲ့ ရေတပ်ဆိုင်ရာ စစ်ရေးလေ့ကျင့်မှုတွေ မကြာခဏ ပြုလုပ်ပြီး ကိုရီး ယားကျွန်းဆွယ် ရေပိုင်နက်အတွင်း မဟာဗျူဟာမြောက် စစ်လက်နက်တွေ တပ်ဖြန့်ထားတယ်လို့ ကင်ဂျုံအန်က စွပ်စွဲလိုက်ပါတယ်။
တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်ခေါင်းဆောင်တွေကို ရှုတ်ချဖို့ အလွန် ကြမ်းတမ်းတဲ့ စကားလုံး အသုံးပြုတဲ့ ကင်ဂျုံအန်ရဲ့ပြောဆိုချက်အပေါ် အလွန်အမင်း စိတ်ပျက်မိတယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ဖော်ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ အဆင်အခြင်မဲ့ ခြိမ်းခြောက်မှုတွေ၊ ရန်စမှုတွေနဲ့အတူ တင်းမာမှုတွေ မြင့် တက်စေနိုင်တဲ့ အပြုအမူတွေကို ချက်ချင်း ရပ်တန့်ရမယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ လင်ဆိုဆတ်ခ်က သတင်းထောက်တွေကို ပြောပါတယ်။
ကင်ဂျုံအန်ရဲ့ လေလုံထွားမှုက တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်တို့ရဲ့ ဆက်ဆံရေးတိုးတက်ဖို့ ကြိုး ပမ်းမှုတွေကို မဟန့်တားနိုင်ဘူးလို့ အမေရိကန်နိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံအမတ်ကြီး ချိုဟွမ်ဒေါင်က ဝါရှင် တန်မြို့တော်မှာ ပြောပါတယ်။
အမေရိကန်၊ တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်တွေ ပစ် လွှတ်ပြပြီး လက်တုံ့ပြန်လေ့ရှိပါတယ်။
၂၀၂၂ ခုနှစ်နောက်ပိုင်း မြောက်ကိုရီးယားက လက်နက်စမ်းသပ်မှု အကြိမ် ၁၀၀ ကျော် လုပ်ဆောင်ခဲ့ပြီး ဒုံးကျည်အချို့က အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံကို တိုက်ခိုက်နိုင်တဲ့ နျူကလီးယားထိပ်ဖူး သယ် ဆောင်နိုင်သော ဒုံးကျည်တွေဖြစ်ပါတယ်။
ကိုးကား – Daily Mail
Ref; Kim Jong Un tells North Korea to be ready for WAR with the US