
ဧရာဝတီတိုင်းမ်
မောင်တော၊စက်တင်ဘာလ ၄ ရက်
အငူမော် -မောင်တောကားလမ်းတလျှောက်ရှိကျေး ရွာတွေမှာ လမ်းအနီးနဲ့ လမ်းပေါ်ကိုတက်လာတဲ့ ကျွဲ၊နွားတွေကိုဖမ်းထားပြီး တစ်ကောင်စီအတွက် သိန်းချီတောင်းယူနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီကားလမ်းတလျှောက်ရှိစစ်ကောင်စီလက် အော က်ခံရဲကင်းစခန်းတွေကနေ အဲဒီလိုငွေတောင်းခံနေကြတာလို့ ဆိုပါတယ်။
“နွားတွေ လမ်းနားရောက်လာရင် ဖမ်းထားပြီ။တစ်ကောင်ကို သိန်းချီပေးကြရတယ်။နွားတင်းကုပ်တွေကိုဆိုရင်လည်း လမ်းနဲ့နီးရင် အကုန်ဖျက်ခိုင်းတ ယ် ။အင်းဒင်စခန်းက ရင်းစုမှူးက ချုပ်ကိုင်ထားတာ ဒီတစ်လမ်းလုံးကို၊သူကပဲ တောင်းစားနေတာ။”လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီအပြင် ရွာအ၀င်အထွက်နဲ့သွားလာမှုတွေကိုလည်း ညနေခြောက်နာရီထိုးရင် သွားခွင့်မပေးတော့တဲ့အတွက် ရွာသားတွေမှာ လယ်ယာလုပ်ငန်းအပါအ၀င် သူတို့ရဲ့အလုပ်တွေကို ပုံမှန်မလုပ်နိုင်ကြဘူးလို့ ဆိုကြပါတယ်။
အရင်နှစ်တွေတုန်းကလည်း အဲဒီအငူမော်- မောင်တောလမ်းတလျှောက်ရွာတွေမှာ စပါးစိုက်ရာသီရောက်ရင် အပြင်ထွက်ခွင့်ကန့်သတ်ခဲ့တယ်လို့ ဒေ သခံတွေက ဆိုကြပါတယ်။
“စပါးအဖူးစဖူးချိန်ကနေ(ရိတ်)သိမ်းအချိန်အထိ အ ပြင်မထွက်ရဘူး။ညဖက် သွားစောင့်အိပ်လို့မရဘူးဆိုတော့ စပါးခင်းတွေ အကုန်ဆင်စားလို့ကုန်ပြီ။အဲဒီအချိန်မှထွက်ရတယ်။လူတွေငတ်အောင်၊သူတို့ကိုအားကိုးလာအောင်များလုပ်နေလားမသိဘူး။”လို့ အင်းဒင်ရွာသားတစ်ဦးက ပြောပါတယ်။
မယူတောင်တန်းတလျှောက်မှာရှိတဲ့ မောင်တောမြို့ နယ်တောင်ပိုင်းနဲ့ဘူးသီးတောင်မြို့နယ်မှာ တောရိုင်းဆင်တွေကြောင့် စပါးခင်းတွေနှစ်စဉ်ပျက်စီးကြရပြီး ဆင်နင်းလို့သေဆုံးရသူတွေလ ည်း ရှိပါတယ်။
မောင်တောမြို့နယ်မှာ ညမထွက်ရအ မိန့်ထုတ်ပြန်ထားပေမယ့် ညမထွက်ရအချိန်ဟာ ည ၁၀ နာရီကနေ မနက် ၆ နာရီအထိပဲ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂ ၂ ခု၊တကျော့ပြန်တိုက်ပွဲကာလတုန်းကလည်း အငူမော် -မောင်တောကားလမ်းကို သုံးလကျော်ကြာ ပိတ်ထားခဲ့ပါတယ်။
ရခိုင်မှာ အပစ်ရပ်ပြီးနောက်ပိုင်းစစ်ကောင်စီဟာတ ပ်အပြောင်းအရွေ့လုပ်တာ၊ရိက္ခာ၊လက်နက်၊အင် အားဖြည့်တာတွေ ဆက်တိုက်လုပ်လာခဲ့ပြီးရဲကင်းစ ခန်း၊တပ်စခန်းတွေကိုလည်း ခံစစ်အနေအထား ဘန် ကာတွေ လုပ်နေခဲ့တယ်လို့ နီးစပ်သူတွေက ဆိုကြပါတယ်။
(ဓာတ်ပုံ-အငူမော်-မောင်တောကားလမ်းပေါ်မှာတွေ့ရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ/BNA)
(ယခုသတင်းအား Ayeyarwaddy Times သတင်းဌာန၏မိတ်ဖက်ဖြစ်သည့် Border News Agency မှသတင်းကို ဖော်ပြခြင်း ဖြစ်ပါသည်။)