ဧရာ၀တီတိုင်းမ်

စက်တင်ဘာလ ၄ ရက်

မြ၀တီရဲစခန်းကို ယနေ့ညပိုင်းအချိန်က ကော်ဘရာ ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

ယနေ့ည စက်တင်ဘာ ၃ ရက် ည ၇ နာရီကျော်အချိန် တွင် ကော်ဘရာပူးပေါင်းတပ်ဖွဲ့က မြ၀တီရဲစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ယာယီတပ်ရင်းမှူးနှင့် ခရိုင်ရဲမှူးအပါအ၀င် ငါးဦးသေဆုံးကြောင်း ကော်ဘရာ အဖွဲ့ထံက သိရသည်။

“သူတို့ဘက်က ၁၂၀ မမတွေနဲ့ အဆက်မပြတ်ပြန်ပစ် တာ။ အတော်အထိနာသွားတယ်။ ဆေးရုံရောက်မှ သေတဲ့ သူတွေရော၊ နေရာတင်သေတဲ့သူတွေရော ထိခိုက်ဒဏ်ရာရတဲ့သူတွေရော အားလုံးဆိုရင် ၂၀ ကျော်လောက်ရှိတယ်”ဟု ကော်ဘရာတပ်ဖွဲ့၀င် ရဲဘော်တစ် ဦးက ပြောသည်။

ဆက်သွယ်ရေး ဖြတ်တောက်သည့် စက်များဖြင့် အကာအကွယ်ပြုလုပ်ထားသည်ဆိုသည့် မြ၀တီရဲစခန်းကို ဒရုန်းများဖြင့် ဗုံးကြဲတိုက် ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်က မြ၀တီခရိုင်ရဲ မှူး ဦးစိုးတင့်၊ ထွေအုပ်ဦးစီးအရာရှိ ထွန်းထွန်းညိမ်း၊ ထွေအုပ်အကြီးတန်းစာရေး ပြည့်ဖြိုးအောင်တို့မှာ နေရာတွင်ပင်သေဆုံးပြီး ခလရ ၂၇၅ မှ ယာယီတပ် ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ကျော်မင်း၊ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ ရဲအုပ်နေလင်းစိုးဆိုသူတို့မှာ မဲဆောက်ဆေး ရုံတွင် သေဆုံးသွားကြောင်း သိရသည်။

ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ငါးဦးသေဆုံးပြီး ခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး အောင်ထက်၀င်း၊ ဒုရဲမှူးမျိုး၀င်း၊ ဒုတပ်ကြပ် မျိုးမင်းသော်၊ ဒုရဲမှူးထွန်းထွန်းနိုင်၊ ဒုရဲအုပ်သက်ခိုင်တို့ ၅ ဦး မှာ ပြင်းထန်ဒဏ်ရာရပြီး သေဆုံးနိုင်ကြောင်းနှင့် မစိုး ရိမ်ရ ခြောက်ဦးစုစုပေါင်း ၁၁ ဦးရှိကြောင်း သိရသည်။

#မြ၀တီ #ရဲစခန်း #ဒရုန်း #ဗုံးကြဲ #ကော်ဘရာပူးပေါင်းအဖွဲ့ #ခရိုင်ရဲမှူးသေဆုံး

#Ayeyarwaddy_Times