
ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊စက်တင်ဘာလ ၃ ရက်
တနင်္သာရီ တိုင်း၊ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ကံပေါက်ဒေသတွင် စစ်ကောင်စီတပ်များအစစ်ဆေးတင်းကြပ်နေသည့်အတွက် ဒေသခံပြည်သူများလမ်းခရီးသွားလာရာတွင် အခက်အခဲ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှသိရသည်။
စစ်ကောင်စီတပ်များသည် ကံပေါက်အဝင် ဖြစ်သည့် ဆင်ကိုးရပ်ရေတံခွန် လမ်းဆုံနှင့် သစ်တောရုံးလမ်းဆုံတို့တွင် လုံခြုံရေးများချထားပြီး တင်းကျပ်စွာစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။
“အဲ ဒီ စစ်ဆေးရေးဂိတ်နှစ်ခု မှာ ကအရမ်းစစ်တယ်။မှတ်ပုံတင် က အစလူမျက်နှာနဲ့သေသေချာချာတိုက်ပြီးကိုစစ်တာ။အဲဒီ ဂိတ်တွေမှာက အရပ်ဝတ်နဲ့ စစ်ဆေးတာလည်းရှိတယ်။ ယူနီဖောင်းတွေဝတ်ပြီးစစ်ဆေးတယ်။ကိုယ့်ရွာထဲမှာ သွားတာတောင် အကုန်ယူပြီးသွားနေရတယ်။အရင်က ရန်ကုန် ကိုသွားမှ မှတ်ပုံတင်ကိုယူသွားရတာ။အခုက အရမ်းကိုဆိုးဆိုးရွားရွား စစ်ဆေးတယ်”ဟု ကံပေါက်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်များသည် ကုန်တင်ယာဥ်မောင်းသမားများဆီမှလည်း ငွေတောင်းယူမှုများ ပြုလုပ်ပြီး မပေးလျှင် လက်နက်ပြ
ခြိမ်းခြောက် ဆဲဆိုမှုများပြုလုပ်လျှက်ရှိကြောင်း သိရသည်။
ယင်း အပြင် ကံပေါက် ဒေသ အုန်းပင်ကွင်းကျေးရွာအုပ်စု ပယကျေးရွာ နှင့် ရှားကုန်း ကျေးရွာတို့တွင် စစ်ကောင်စီတပ်အင်အား ၁၅ ဦးခန့်သည် တပ်စွဲကာ ကင်းလှည့်ပြီးစစ်ဆေးမှုများ တင်းကျပ်စွာ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။
“ ကံပေါက်ကို သွားတော့မယ် ဆိုရင် ဒီတိုင်းသွားလာလို့မရပဲ ပယကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးဖေဝင်း အိမ်မှာ မှတ်ပုံတင်ပြ လက်မှတ်ထိုးပြီးမှသာ ကံပေါက်ကို သွားခွင့်ပြုတယ်” ဟု ဇာဒီကျေးရွာ ဒေသခံတစ်ဦးကပြောသည်။
“သူတို့ (စစ်ကောင်စီတပ်တွေက) ခွေးမဖော ရွာနဲ့ ပယ ရွာ အကြား မှာ စစ်ဆေးနေတာ။အခုဆိုရင် ပယ မှာ တပ်စွဲထားတာ ၁၅ ရက်လောက်ရှိပြီ။မဖြစ်မနေမှသာ ကံပေါက်ကို သွားကြတာ။စစ်ကောင်စီတပ်တွေ စစ်ဆေးတာ တွေကို
၂၀၂၃ ခုနှစ် ဇန်နဝါရီ လ ၂၅ ရက်နေ့က ကံပေါက် ဒေသတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဦးခင်စိုး သေနတ်နှင့် ပစ်ခတ်ခံရပြီး နောက် ဆိုင်ကယ် စီးခွင့်ကို စစ်ကောင်စီတပ်က ပိတ်ထားသည် မှာ ခုနှစ်လ ကျော်ကြာလာသည်အထိ ပြန်လည်စီးခွင့်မပြုသေးကြောင်း ဒေသခံများထံက သိရသည်။
ဆိုင်ကယ်ကို အမှီပြုပြီး စျေးအရောင်းအဝယ်ပြုလုပ်နေသည့် ကံပေါက် ဒေသခံ အောက်ခြေလူတန်းစားများ နှင့် တက္ကစီသမားများသည် အခက်အခဲများစွာဖြင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။
ဓာတ်ပုံ-၂၀၂၁ ခုနှစ်က ကံပေါက် ကျောက်တိုင် အနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ဆေးနေတဲ့ ပုံဟောင်း
#ကံပေါက် #စစ်ကောင်စီတပ် #အစစ်ဆေးတင်းကြပ် #ဒေသခံပြည်သူများ #လမ်းခရီးသွား #အခက်ခဲကြုံ
တွေ့နေ #Ayeyarwaddy_Times