ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၃ ရက်

ဧရာ၀တီတိုင်းတွင်းရှိ မြို့နယ်များတွင် ပြည်သူများစားအုန်းဆီ ကိုစက်တင်ဘာလအစပိုင်းမှာတင် ၀ယ်ယူမရသည့် အခက်အခဲ များဖြစ်ပေါ်နေကြောင်းဒေသခံများထံမှသိရှိရသည်။

စစ်ကောင်စီက စားအုန်းဆီ ရောင်းချသည့်ဆိုင်များကို တစ်ပိသာကို ၄၅၀၀ ကျပ်ဖြင့်သာရောင်းချရန်အကြောင်းကြားပြီးနောက်ပိုင်း ဆိုင်များက ပြည်သူများကို ဆီပြတ်သည်ဟု ဆိုကာရောင်းချခြင်းမပြုတော့ကြောင်းသိရသည်။

“သူတို့က တစ်ပိဿာ ၄၅၀၀ ထက်ပိုရင်ဖမ်းမယ် ဆိုပြီးကြေငြာတယ်၊ တစ်ကယ်အပြင်မှာ တစ်ပိဿာ ၁၁၀၀၀ ဆိုတော့ ဆိုင်တွေက နည်းနည်းပဲရောင်းပြီး ကုန်ပြီပဲလုပ်ကြတာ ပြည်သူတွေပဲ ဒုက္ခရောက်ကုန်တာ”ဟု ပုသိမ်မြို့တွင်နေထိုင်သူအမျိုးသမီးတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီက တိုင်းအတွင်း ရပ်ကွက်အချို့တွင် ဈေးနှုန်းသက်သာရေးခေါင်းစဥ်နှင့် စားအုန်းဆီ တစ်ပိသာကို ၄၅၀၀ နူန်းရောင်းချခဲ့သော်လည်းနာရီပိုင်းသာ ဖြစ်သောကြောင့်လာရောက်တန်းစီသူအကုန်၀ယ်ယူရရှိခြင်းမရှိကြောင်းဒေသခံများကပြောသည်။

“ကျွန်တော်တို့ ရပ်ကွက်နေသူတွေက အခြေခံလူတန်းစားများတယ်၊ တန်းစီတာက လမ်း ၂ ဘက်အပြည့်ပဲ ရာအိမ်မှုး၊ဆယ်အိမ်မှူးတွေကြိုခေါ်ထားတဲ့လူတွေလောက်ပဲ ရတာ။ တကယ်လိုအပ်နေသူတွေက ကျန်ခဲ့တယ်၊ တန်းစီ ရတာသူတို့ဓါတ်ပုံရိုက်ခံရဖို့သက်သက်လိုဖြစ်နေတယ်”ဟု မြောင်းမြမြို့ ရပ်ကွက်မှာနေထိုင်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ဧရာ၀တီတိုင်းမှာ စစ်ကောင်စီက ဆားအုန်းဆီကို သက်သာချောင်ချိရေးခေါင်းစဉ်နှင့် ဟန်ပြစျေးရောင်းချမှုအား မြို့နယ်တချို့မှာ စက်တင်ဘာလကစတင်ပြီး စီမံချက်နဲ့ ပြုလုပ်နေပြီးအခြေခံလူတန်းစားအများစု ရရှိခြင်းမရှိပဲ ဆီ၀ယ်ယူရရှိမှုမရှိုခြင်းနှင့် သတ်မှတ်ဈေးထက်ပိုပေးကာ ၀ယ်ယူနေရခြင်းစတဲ့ အခက်အခဲများနှင့်ရင်ဆိုင်နေရကြောင်းဒေသခံများထံကသိရှိရသည်။

#ဧရာဝတီတိုင်း #စာအုန်းဆီ #ဟန်ပြရောင်း #စစ်ကောင်စီတပ် #Ayeyarwaddy_Times