
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၃ ရက်
ကမ္ဘာအကြီးမားဆုံး ဆန်တင်ပို့သူ အိန္ဒိယနိုင်ငံက ဇူလိုင်လအတွင်း ဆန်တင်ပို့မှု ပိတ်ပင်ပြီးနောက်ပိုင်း ထိုင်းနဲ့ ဗီယက်နမ်အပါအဝင် အဓိက ဆန်တင်ပို့တဲ့နိုင်ငံတွေမှာ ဆန်ဈေးနှုန်းတွေ ၂၀ ရာခိုင်နှုန်းဝန်းကျင် ကျဆင်း သွားခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း အိန္ဒိယနိုင်ငံက ဆန်ကွဲတင်ပို့မှုတွေကို ပိတ်ပင်ကာ ဆန်အမျိုးမျိုးအပေါ် အခွန်သတ် မှတ်ခဲ့တာကြောင့် ဆယ်စုနှစ်တစ်ခုကျော်တည်ရှိခဲ့တဲ့ ဆန်ဈေးနှုန်းတည်ငြိမ်မှု အဆုံးသတ်သွားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံက ဆန်တင်ပို့မှု ပိတ်ပင်ပြီးနောက် ပြည်တွင်း ဆန်စားသုံးမှုလုံလောက်အောင်လုပ်ဆောင်ဖို့ ကမ္ဘာ့တတိယအများဆုံးဆန်တင်ပို့သူ ဗီယက်နမ်နိုင်ငံက ပြည်တွင်းဆန်တင်ပို့တဲ့ကုမ္ပဏီတွေကို တောင်းဆိုခဲ့ပါ တယ်။
ဘာစမာတီမဟုတ်တဲ့ဆန်ဖြူတင်ပို့မှုအပေါ် အိန္ဒိယနိုင်ငံရဲ့ ပိတ်ပင်မှုကြောင့် ကမ္ဘာ့ဈေးကွက်သို့ ဆန်တန် ချိန် ၂ သန်းခန့် တင်ပို့မယ့် ကန်ထရိုက်စာချုပ်တွေ ဖျက်သိမ်းခဲ့ရပါတယ်။
အိန္ဒိယနိုင်ငံရဲ့ဆန်တင်ပို့မှု ပိတ်ပင်မှုကြောင့် ဗီယက်နမ်နဲ့ထိုင်းနိုင်ငံမှ ဆန်ဈေးနှုန်းတွေဟာ ဆယ်စုနှစ် တစ်ခုကျော်အတွင်း စံချိန်တင် မြင့်တက်လာခဲ့ပါတယ်။
အယ်လ်နီညို ရာသီဉတုအခြေအနေကြောင့် သီးနှံဆုံးရှုံးမှုတွေကို ကာမိစေဖို့ ပြည်ပမှ ဆန်တန်ချိန် ၅၀၀၀၀၀ ခန့်တင်သွင်းဖို့ ဖိလစ်ပိုင် စိုက်ပျိုးရေးဝန်ကြီးဌာနက အကြံပြုပါတယ်။
အယ်လ်နီညို ရာသီဉတုဖြစ်စဉ်ကြောင့် ဆန်ထုတ်လုပ်မှု ကျဆင်းနိုင်လို့ အရံဆန်ဖြည့်တင်းဖို့ ကမ္ဘောဒီး ယားနဲ့မြန်မာမှ ဆန်တင်သွင်းဖို့ လုပ်ဆောင်နေတယ်လို့ အင်ဒိုနီးရှား နိုင်ငံပိုင်စားနပ်ရိက္ခာဝယ်ယူရေးလုပ်ငန်း Bulog က ပြောပါတယ်။
မြင့်တက်လာတဲ့ ဆန်ဈေးနှုန်းတွေကို ထိန်းချုပ်ဖို့ ပြည်ပသို့ဆန်တင်ပို့မှုကို ယာယီ ကန့်သတ်ဖို့ မြန်မာစစ် ကောင်စီက စီစဉ်နေပါတယ်။
ကိုးကား – Reuters
Ref; Global rice supplies tighten after India’s July export ban