ဧရာဝတီတိုင်းမ်
မောင်တော၊ စက်တင်ဘာလ ၃ ရက်

ရက္ခိုင့်တပ်တော်(AA)ရဲ့အုပ်ချုပ်ရေးယန္တရားတွေ အားကောင်းလာတာနဲ့အမျှ ထိန်းချုပ်နိုင်စွမ်းမရှိတော့တဲ့ စစ်ကောင်စီဟာ မွတ်ဆလင်တွေကို လက် နက်တပ်ဆင်၊စစ်သင်တန်းပေးပြီးလူမျိုးရေးပဋိပ က္ခတွေဖြစ်အောင်ကြိုးစားနေတယ်လို့ ရခိုင်လွှတ် တော်အမတ်ဟောင်းတွေနဲ့ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ မောင်တောနယ် စပ်နဲ့ဘူးသီးတောင်မြို့နယ်မှာ စစ်သင်တန်းတွေပေးပြီးအဲဒီလိုဖန်းတီးနေတာလို့ Border News Agency
က စုံစမ်းသိရှိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အာရကန်ရိုဟင်ဂျာတပ်မ တော်(Arakan Rohingya Army)ဆိုတဲ့ မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့ကို စစ်သင်တန်းပေးနေသလို အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်လို့ခေါ်တဲ့အာဆာအဖွဲ့ကိုလည်း လက်နက်တွေ ထောက်ပံ့ပေးထားတယ်လို့ ခိုင်လုံတဲ့သတင်းရင်းမြစ်တွေက Border News Agency ကို အတည်ပြုပြောကြပါတယ်။

အဲဒီလိုစစ်သင်တန်းပေး၊လက်နက်ခဲယမ်းတွေ ထော က်ပံ့နေတာဟာ တည်ငြိမ်နေတဲ့ ရခိုင်မှာ ဆူပူမှုတွေဖြစ်လာအောင်ရည်ရွယ်ပြီးနိုင်ငံရေးကစားကွက်ဖန်
တီးနေတာလို့ ဝေဖန်ထောက်ပြကြပါတယ်။

အဲဒီအပြင် ဒေသခံပြည်သူတွေအနေနဲ့ အာဏာသိမ်းစစ်တပ်ကို အားကိုးယုံကြည်လာအောင်လည်း ရည် ရွယ်ပုံရတယ်လို့ ရခိုင်လွတ်တော်အမတ်တွေက ဆိုကြပါတယ်။

“ULA/AAက အားကောင်းလာတယ်။တဖက်မှာလ ည်း စစ်ကောင်စီက သူတို့ထိန်းချုပ်မှုတွေ မလုပ်နိုင်ဘူး။အင်အားမရှိတဲ့ကာလမှာ သူတို့ တဖက်လှည့်နဲ့အဲလိုမျိုးကစားဖို့ တမင်တကာဖန်တီးတဲ့သဘော။ULA/AA အားကောင်းလာတယ်ဆိုတော့ သူတို့ဘက်ကလည်း နောက်တစ်ဖွဲ့နဲ့ ကစားစေချင်တဲ့သဘောတွေ။” လို့ ဘူးသီးတောင်ဒေသခံ၊ပြည်သူ့လွှတ် တော်အမတ်ဟောင်းဦးအောင်သောင်းရွှေက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီအတွက် နိုင်ငံတကာဖိအားတွေလျော့စေမယ့်ရိုဟင်ဂျာပြန်လည်လက်ခံရေးပြု လုပ်မယ့်နေ ရာအများစုဟာရက္ခိုင့်တပ်တော်(AA)
ထိန်းချုပ်နယ်မြေတွေဖြစ်သွားတာမို့စစ်ကောင်စီက မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တွေကို အသုံးချပြီးပဋိပက္ခတွေဖန်တီးနေတာဖြစ်တယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက ဆိုကြပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၁၂၊၂၀၁၇ တုန်းကလည်း ပဋိပက္ခတွေဖြစ်လာအောင်၊ဒေသတွင်းတည်ငြိမ်မှုတွေပျက်ပြားအောင်ဖန်တီးခဲ့ပြီးခုတစ်ကြိမ်လည်း အဲ ဒီအကွက်ကိုပဲ ပြန်သုံးဖို့ကြိုးစားလာတာလို့ ထောက်ပြကြပါတယ်။

“ဒါက စစ်မီးကို ပြန်တောက်စေနိုင်တဲ့အ ရာတစ်ခုလို့လည်းမြင်တယ်။တကယ်လို့အဲလိုဖြစ်လာရင် ပြည်သူတွေ အတွ က်တော့ စိုးရိမ်စရာဖြစ်တယ်ပေ့ါနော်။ ဒါကမဖြစ်သင့်တဲ့ကိစ္စတစ်ခုဖြစ်တယ်။”လို့ မောင်တောမြို့ခံလူကြီးတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အာရကန်ရိုဟင်ဂျာတပ်မ တော် (Arakan Rohingya Army)ဆိုတဲ့ မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့ကို မောင်တောမြို့နယ်မြောက်ပို င်း၊ကျီးကျွန်းမှာ သင်တန်းပေးနေတယ်လို့ ဒေသခံတွေက အတည်ပြုပြောကြပါတယ်။

အဲဒီပုဇွန်တာတွေကို စစ်ကောင်စီကလုပ်ကိုင်ဖို့ ခွင့်ပြုပေးထားတယ်လို့ သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

အဲဒီအပြင် စစ်ကောင်စီရဲ့တပ်ရင်း၊တပ်စခန်းတွေအနီးနဲ့မယူတောင်တန်းမှာလည်း မွတ်ဆလင်လက် နက်ကိုင်တွေကို စစ်ကောင်စီတပ်က ကူညီပေးနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

“မွတ်ဆလင်တွေ လက်နက်အပြည့်အစုံနဲ့သွားနေတာတွေ့ကြတယ်။စခန်းထဲမှာလည်း မွတ်ဆလင်တွေကို စစ်သင်တန်းပေးနေတယ်လို့ထင်တယ်။ရင်းစုမှူးသွားရင် အနောက်ကနေ မွတ်ဆလင်တွေကို ခေါ်ခေါ်သွားတာတွေ့တယ်။” မောင်တောဒေသခံတစ်ဦးက ပြောပါတယ်။

ရခိုင်မှာ နှစ်ဘက်နားလည်မှုနဲ့အပစ်ရပ်ထားတာကိုအခွင့်ကောင်းယူပြီးစစ်ကောင်စီအနေနဲ့ ခုလိုမျိုးဆူပူမှုတွေ ဖြစ်လာအောင် မလုပ်သင့်ဘူးလို့လည်း ရခိုင် ပြည်သူတွေက ဆိုကြပါတယ်။

ရခိုင်တကျော့ပြန်တိုက်ပွဲမှာ မောင်တောမြို့နယ်မြော က်ပိုင်းက စစ်ကောင်စီတပ်စခန်း၊အထိုင်းစခန်းတွေကို ရက္ခိုင့်တပ်တော်(AA)ကတိုက်ခိုက်သိမ်းပိုက်ခဲ့သ လိုလက်ရှိမှာလည်း ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။

(ဓာတ်ပုံ-မောင်တောမြို့နယ်မြောက်ပိုင်း၊ကျီးကျွန်းမှာစစ်သင်တန်းပေးနေတဲ့အာရကန်ရိုဟင်ဂျာတပ်မ တော်/ လူမှုကွန်ရက်)

(ယခုသတင်းအား Ayeyarwaddy Times သတင်းဌာန၏မိတ်ဖက်ဖြစ်သည့် Border News Agency မှသတင်းကို ဖော်ပြခြင်း ဖြစ်ပါသည်။)

#Ayeyarwaddy_Times