ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၃ ရက်

တောင်တရုတ်ပင်လယ်နဲ့ပတ်သက်တဲ့ ပိုင်နက်နယ်မြေကို ဖော်ပြထားတဲ့ တရုတ်နိုင်ငံက ထုတ်ပြန်လိုက် တဲ့မြေပုံသစ်ကို ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံတွေက ပယ်ချလိုက်ပါတယ်။

အဆိုပါမြေပုံမှာ အငြင်းပွားမှုတွေ၊ နှစ်စဉ် ဒေါ်လာ ထရီလီယံချီတန်ကြေးရှိတဲ့ ရေကြောင်းကုန်သွယ်မှု တွေ ပြုလုပ်ရာဒေသတစ်ခုဖြစ်တဲ့ တောင်တရုတ်ပင်လယ်ရှိ နယ်မြေအများစုပါဝင်တဲ့ U-ပုံသဏ္ဍာန် မျဉ်းတစ်ခု ပါဝင်ပါတယ်။

ထိုင်ဝမ်ကျွန်းရဲ့ အရှေ့ဘက်မှာ အစက်အပျောက် ၁၀ ခုလည်း မြေပုံသစ်မှာ ပါရှိပြီး U-ပုံသဏ္ဍာန်မျဉ်းက ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ အထူးသီးသန့် စီးပွားရေးဇုန်တွေအထိ တိုးချဲ့ ထားပါတယ်။

“တောင်တရုတ်ပင်လယ်အရေး တရုတ်နိုင်ငံရဲ့ရပ်တည်ချက်က ရှင်းပါတယ်။ တရုတ်အာဏာပိုင်တွေက နှစ်စဉ် တောင်တရုတ်ပင်လယ်ရဲ့ စံချိန်စံညွှန်းမီ မြေပုံတွေကို အမြဲ ထုတ်ပြန်ပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်း တွေက ကျိုးကြောင်းဆီလျော်တဲ့အပြုအမူနဲ့ ဒီမြေပုံသစ်ကို လေ့လာသုံးသပ်နိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝမ်ဘင်းက ပြောပါတယ်။

တာဝန်သိသိ ပြုမူဖို့နဲ့ နိုင်ငံတကာဉပဒေ၊ ၂၀၁၆ ခုနှစ် စီရင်ချက်ကို လိုက်နာဖို့ ဖိလစ်ပိုင်နိုင်ငံက ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ တရုတ်နိုင်ငံကို တောင်းဆိုခဲ့ပါတယ်။

“ဖိလစ်ပိုင်နိုင်ငံနဲ့ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ အချုပ်အချာအာဏာနဲ့ စီရင်ဆုံးဖြတ်ပိုင်ခွင့် တရားဝင်ပြု လုပ်ဖို့ ကြိုးပမ်းမှုက နိုင်ငံတကာဉပဒေနဲ့ မညီညွတ်ပါဘူး” လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါ တယ်။

မလေးရှားနိုင်ငံကလည်း တရုတ်နိုင်ငံရဲ့ တောင်တရုတ်ပင်လယ် မြေပုံသစ်ထုတ်ပြန်မှုကို သံတမန်နည်း လမ်းအရ ကန့်ကွက်ခဲ့ပြီး ထိုင်ဝမ်ကလည်း အဆိုပါဒေသတွေဟာ တရုတ်နိုင်ငံပိုင်မဟုတ်ဖူးလို့ ပြောပါတယ်။

“ထိုင်ဝမ်ရဲ့ အချုပ်အချာအာဏာနဲ့ပတ်သက်လို့ တရုတ်အစိုးရရဲ့ရပ်တည်ချက်က ဘယ်လိုရှိနေပါစေ ကျွန် တော်တို့တိုင်းပြည်ရဲ့တည်ရှိမှုကို မပြောင်းလဲနိုင်ပါဘူး” လို့ ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျက်ဖ်လျူက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။

ဗီယက်နမ်နိုင်ငံကလည်း တရုတ်နိုင်ငံရဲ့ ပိုင်နက်နယ်မြေတောင်းဆိုမှုကို ပယ်ချခဲ့ပြီး အိန္ဒိယပိုင်နက်အနီး ချည်းကပ်လာတဲ့ မြေပုံသစ်ကိစ္စကို အိန္ဒိယနိုင်ငံက အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။

“တရုတ်နိုင်ငံရဲ့ တောင်တရုတ်ပင်လယ် မြေပုံသစ်ထုတ်ပြန်တဲ့ကိစ္စကို ကျွန်တော်တို့ ကန့်ကွက်ပါတယ်။ တရုတ်နိုင်ငံရဲ့လုပ်ရပ်က နယ်စပ်ဆိုင်ရာ မေးခွန်းဆုံးဖြတ်ချက်ကို ရှုပ်ထွေးစေပါတယ်” လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

ကိုးကား – Reuters
Ref; Philippines, Malaysia, Taiwan, Vietnam, India reject China’s new South China Sea map

#Ayeyarwaddy_Times