ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂ ရက်

ဧရာဝတီတိုင်း၊ ငရုတ်ကောင်းမြို့တွင်းရှိ ရပ်ကွက်တစ်ခုလျှင် ပျူစောထီး(ပြည်သူ့စစ်) သင်တန်းတက်ရောက်ရန်အတွက် အင်အား ၆၀ ဦးထက်မနည်း စာရင်းပေးရန် စစ်ကောင်စီတပ်နှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များက စာရင်း ကောက်ခံနေကြောင်း မြို့ခံများထံကသိရသည်။

အဆိုပါ သင်တန်းအတွက် ပြီးခဲ့သည့်သြဂုတ်လ ၂၈ ရက်နေ့က မြို့နယ်ထွေအုပ်ရုံးမှ ညွှန်ကြားလာကြောင်း အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။

” ရပ်ကွက်အလိုက် ပြည်သူ့စစ်သင်တန်းတက်ဖို့လူစုခိုင်းတာ။အင်အား ၆၀ စုပေးဖို့ စာရင်းတွေကောက်ခိုင်းထားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ပျူစောထီး(ပြည်သူ့စစ်) သင်တန်းတက်ရောက်ရန်အတွက် စာရင်း ကောက်ခံ ရာတွင် ကြံ့ခိုင်ရေးပါတီထောက်ခံသူ လူငယ် အမျိုးသား၊ အမျိုးသမီးများ ကို ဦးစားပေး ကောက်ခံရန် ညွှန်ကြားထားကြောင်းလည်း သိရသည်။

” သင်တန်းအတင်းတက်ခိုင်းဖို့ ပါတီရုံးနဲ့ ထွေအုပ်ကပါ လာပြောသွားတယ်။ အခုစီးပွားရေးမကောင်းတာ စစ်သင်တန်းတက်ပြီး ဘာလုပ်ရမလဲမသိတော့ဘူး။ မဖြစ်မနေမို့လို့ စာရင်းပေးလိုက်ရတယ်” ဟု ကြံ့ခိုင်ရေး ပါတီဝင်မြို့ခံ တစ်ဦးကဆိုသည်။

ငရုတ်ကောင်းမြို့ အနီးကျေးရွာများတွင် ပြီးခဲ့သည့် ဇူလိုင်လကစတင်ပြီး စစ်ကောင်စီတပ်အနေဖြင့် ပျူစောထီး(ပြည်သူ့စစ်)အင်အားစုဖွဲ့ရန် အတွက် ကြံ့ခိုင်ရေးပါတီ၏ ရပ်ကျေး ပါတီဝင်များကိုစစ်သင်တန်းပေးခြင်းများကို ပြုလုပ်မှုများရှိနေကြောင်းသိရသည်။

#ငရုတ်ကောင်း #ပြည်သူ့စစ်သင်တန်း #တက်ရောက်ရန် #ရပ်ကွက်တစ်ခု #အင်အား၆၀ထက်မနည်း #စာရင်းပေးရမည် #Ayeyarwaddy_Times