ဧရာ၀တီတိုင်းမ်
စက်တင်ဘာလ ၂ ရက်

တိုက်ပွဲများပြင်းထန်ပြီး စစ်ကောင်စိတပ်အထိနာနေသည့် တိုင်းနှင့် ပြည်နဘ် ငါး ခုတွင် လုံခြုံရေးနှင့် နယ်စပ်ရေး ရာ၀န်ကြီး များကို အစားထိုးခန့်အပ်ကြောင်း စက်တင် ဘာ ၁ ရက်နေ့က ထုတ်ပြန်ထားသည်။

တိုင်းရင်းသားနယ်မြေများဖြစ်သည့် ကချင်၊ ကယား၊ ကရင်၊ ချင်းနှင့် မန္တလေးတိုင်း တို့တွင် ပြောင်း လဲခန့်အပ် လိုက်ခြင်းဖြစ်သည်။

KIA နှင့်တိုက်ပွဲများပြင်းထန်နေသည့် ကချင်ပြည်နယ် ရှိ နယ်လုံ၀န်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းအစား ဗိုလ်မှူးကြီး ကျော်သူရကို ခန့်အပ်လိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီ တပ်သားများ အများဆုံးအထိနာနေသည့် ကရင်နီ(ကယားပြည်နယ်)တွင် နယ်လုံ၀န်ကြီး ဗိုလ်မှူးကြီး မြင့်ဝေအစား ဗိုလ်မှူးကြီး သန်းစိုးအောင်ကို အစားထိုး ခန့်အပ်လိုက်ခြင်းဖြစ်သည်။
ထို့အပြင် ချင်းပြည်နယ်ရှိ နယ်လုံ၀န်ကြီး ဗိုလ်မှူးကြီး ဟန်၀င်းအောင်အစား ဗိုလ်မှူးကြီးနေလင်းစိုးနှင့် လဲလှယ်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းကုန်းများ လက်လွတ်ဆုံးရှုံးခဲ့ရသည့် ကရင်ပြည်နယ်ရှိ နယ်လုံ၀န်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်အစား ဗိုလ်မှူးကြီး မင်းကျော်သူကို အစားထိုးခန့်အပ်ခဲ့ကာ မန္တလေးတိုင်းရှိ နယ်လုံ၀န်ကြီး ဗိုလ်မှူး ကြီးကျော်ကျော်မင်းအစား ဗိုလ်မှူးကြီး နေလင်းစိုး ကို အစားထိုးခန့်အပ်လိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ အစားထိုးခန့်အပ်ခဲ့သည့် နေမြေဒေသအား လုံးသည် စစ်ကောင်စီတပ်အတွက် အထိနာပြီး အကျ အဆုံးများနေသည့် နယ်မြေများလည်း ဖြစ်သည်။

အစားထိုးဖယ်ရှား ခံရသည့် နယ်လုံ၀န်ကြီးဟောင်းများသည် အရန်အင်အားသို့ ပို့ဆောင်ခံရနိုင်ကြောင်း တပ်တွင်းသတင်းရင်းမြစ်အချို့က ပြောသည်။ ပြီးခဲ့ သည့် ဩဂုတ်လ ပထမပတ်အတ္ငင်းကလည်း စစ်ကောင်စီတပ်က အရန်အင်အားသို့ ပြောင်းရွှေ့ခံခဲ့ရသည့် ဗိုလ်ချုပ်မှ ဗိုလ်မှူးကြီးအဆင့်ရှိသူ ၆၁ ဦး ရှိခဲ့သည်။

ပုံစာ -ဖြုတ်ချခံရသည့် ဗိုလ်မှူးရဲမျိုးမင်းနောင်

#စစ်ကောင်စီ #လုံခြုံရေးနှင့် #နယ်စပ်ရေးရာ၀န်ကြီး #အစားထိုးခန့်အပ်

#Ayeyarwaddy_Times